ဆောနယ်က ကျေးရွာ ၃ ရွာကို စစ်အုပ်စုက ဧည့်စာရင်းစစ်ဆေးနေ

ဆောနယ်က ကျေးရွာ ၃ ရွာကို စစ်အုပ်စုက ဧည့်စာရင်းစစ်ဆေးနေ

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်က ကျေးရွာ ၃ ရွာကို စစ်အုပ်စုက သြဂုတ်လ ၃၁ ရက် ဒီနေ့မနက် ၈ နာရီလောက်မှာ ဧည့်စာရင်းစစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ကျောက်ထုအ‌မြှာက်တပ်အတွင်းရှိ GE ဂိတ်ကစစ်ကောင်စီတပ်ဖွဲ့တွေကို ဒုတပ်ရင်းမှူးရဲမာန်ဝင်းက ဦးဆောင်ပြီး ဆောနယ်ထဲက မြို့ပေါက်ကျေးရွာ၊ နတ်ရဲကျေးရွာ၊ ပေါက်ခေါင်းကျေးရွာတွေကို လူစုခွဲပြီး လိုက်လံစစ်ဆေးနေတာတွေ ပြုလုပ်နေတဲ့အပြင် သူတို့မယုံကြည်တဲ့ နေအိမ်တွေကိုတော့ ပုံစံတဆယ် ပြခိုင်းတာ လူပိုတွေ ရှိမရှိ စစ်ဆေးတာမျိုးတွေ ပြုလုပ်နေတယ်လို့ ဆိုပါတယ်။ 

“အိမ်ပေါ်ထိတက်ပြီး ဝင်စစ်တာ။ ဧည့်စာရင်းစစ်တဲ့အပြင် လမ်းမှာ သွားလာတဲ့လူတွေရဲ့ ဆိုင်ကယ်တွေကိုလည်း စစ်တယ်။ ဒီနေ့မနက်အထိတော့ ဖမ်းဆီးခံရတာတွေတော့ မကြားသေးဘူး မနေ့ကတော့ ကျောက်ထုက သားအဖ ၂ ယောက် အဖမ်းခံလိုက်ရတယ်၊ PDF ထောက်ပို့ဆိုပြီး ဖမ်းသွားကြတယ်လို့ ဆောမြို့ခံတဦး က ပြောပါတယ်။

အဆိုပါကျေးရွာတွေကို စစ်ကောင်စီအုပ်စု မြို့ပေါက်ကျေးရွာမှာ အင်အား ၃၀၊ နတ်ရဲရွာမှာ အင်အား ၄၀၊ ပေါက်ခေါင်းကျေးရွာမှာ အင်အား ၂၀ နဲ့ လူစုခွဲသွားရောက်စစ်ဆေးနေပြီး အခုချိန်ထိလည်း ကျေးရွာတွေထဲမှာ ရှိနေဆဲဖြစ်ကာ အဲဒီကျေးရွာ ၃ ရွာဟာ တရွာနဲ့ တရွာ ၁ ဖာလုံလောက်သာ ဝေးတယ်လို့လည်း ဆိုပါတယ်။  

စစ်ကောင်စီအနေနဲ့ အခုလို ကျေးရွာတွေဘက်မှာ ဧည့်စာရင်းစစ်ဆေးတာ ပထမအကြိမ်ဖြစ်တယ် လို့လည်း သိရပါတယ်။ 

အဲဒီရွာနဲ့ အနီးနားမှာရှိတဲ့ ကျေးရွာတွေအနေနဲ့လည်း စစ်ကောင်စီတပ်ဖွဲ့တွေ အချိန်မရွေး ရောက်လာနိုင်တဲ့အတွက် သတိထားနေကြဖို့ကိုလည်း အသိပေး ပြောဆိုထားပါတယ်။

သြဂုတ် ၃၀ ရက်ကလည်း အဲဒီစစ်ကောင်စီတပ်ဖွဲ့တွေဟာ ကျောက်ထုမြို့ အဝင်အထွက်နေရာတွေဖြစ်တဲ့ မင်းကြည့် - ကျောက်ထုလမ်း၊ နတ်ရဲ-ကျောက်ထုလမ်း၊ လေယာဉ်ကွင်းဟောင်းလမ်းဆုံနဲ့ ပန်းဆန်-ကျောက်ထုလမ်းပိုင်း အဝင်အထွက်တွေကို ပိတ်ထားပြီး ဧည့်စာရင်းစစ်ဆေးတာမျိုးတွေ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း

#မြေလတ်အသံ

#သတင်း #မကွေးတိုင်း #ဂန့်ဂေါ #ဆော #ဧည့်စာရင်း #စစ်ကောင်စီ #ကျောက်ထု #စစ်ဆေး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10