ဆောမြို့မရဲစခန်းက တပ်ကြပ်ကြီး ၁ ဦး လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာ

ဆောမြို့မရဲစခန်းက တပ်ကြပ်ကြီး ၁ ဦး လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာ

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်၊ ဆောမြို့မရဲစခန်းမှာ တာဝန်ကျနေတဲ့ တပ်ကြပ်ကြီး စာရေး ၁ ဦး ဖေဖော်ဝါရီလ ၁၁ ရက်က လက်နက်၊ ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတယ်လို့ မကွေးတိုင်းကွပ်ကဲရေးရုံး အမှတ် ၁ စစ်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်မတော်ဆီက သိရပါတယ်။

အဆိုပါတပ်ကြပ်ကြီး စာရေးဟာ MA 2 ၁ လက်၊ ကျည် ၆၀၀ ထောင့်၊ ကျည်ဘောက်အပို ၃ ခု၊ ကျည်ကာဝတ်စုံ ၁ ထည်၊ စကားပြောစက် ၁ လုံးနဲ့အတူ မကွေးတိုင်းကွပ်ကဲရေးရုံး အမှတ် ၁ စစ်ဒေသ လက်အောက်ခံ၊ ဂန့်ဂေါခရိုင်အမှတ် ၃ တပ်ရင်းဆီကို  အလင်းဝင်လာတာလို့ ဆိုပါတယ်။

"နာမည်နဲ့အသက်က သူ့ရဲလုံခြုံရေးအရ မဖော်ပြတာပါ။ ဆုငွေပေးဖို့ တင်ပြထားပါတယ်။ သူ့ကို လုံခြုံတဲ့နေရာမှာ စောင့်ရှောက်ထားပါတယ်” လို့ မကွေးတိုင်းကွပ်ကဲရေးရုံး အဖွဲ့ဝင်တဦးက ပြောပါတယ်။ 

ဆောမြို့မရဲစခန်းမှာ လက်ရှိ စစ်သားနဲ့ရဲအင်အား ၈၀ ဝန်းကျင်ခန့်ရှိပြီး တပ်ဖွဲ့ဝင်အချင်းချင်း စည်းလုံးညီညွတ်မှုမရှိဘဲ စိတ်ဓာတ်ပျက်ပြားမှုတွေရှိနေပြီး တပ်ကြပ်ကြီးစာရေးကလည်း စစ်အာဏာရှင်ရဲ့ လုပ်ရပ်တွေကိုမနှစ်သက်တဲ့အတွက် အလင်းဝင်လာခဲ့တာလို့ အလင်းဝင်လာသူရဲ့ ပြောပြချက်ကို ကိုးကားပြီး အထက်ပါအဖွဲ့ဝင်က ပြောပြပါတယ်။ 

ဂန့်ဂေါခရိုင်တပ်ရင်းတွေဆီကို ၂၀၂၃ ခုနှစ် မေလ ကနေ ၂၀၂၄ ဖေဖော်ဝါရီ ဒုတိယအပတ်အထိ  လက်နက်ခဲယမ်းနဲ့တကွ အလင်းဝင်လာတဲ့ စစ်သား၊ ရဲနဲ့ ပျူစောထီး အရေအတွက် ၆ ဦးအထိ ရှိပြီး သူတို့တွေ လိုအပ်တဲ့စစ်ဆေးမေးမြန်းတာတွေပြုလုပ်ကာ လုံခြုံတဲ့နေရာမှာ စောင့်ရှောက်ထားတယ်လို့ သိရပါတယ်။

စာတည်း - လင်း 

#မြေလတ်အသံ

#မကွေး #ဂန်ဂေါ #ဆော #စစ်ကောင်စီ #အလင်းဝင်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10