ဆော-ဆိပ်ဖြူလမ်းပိုင်းမှာ မုန်တိုင်းကြောင့် သွားလာရခက်ခဲမှုဖြစ်ပေါ်တဲ့နေရာတွေကို PDF ကပြုပြင်

ဆော-ဆိပ်ဖြူလမ်းပိုင်းမှာ မုန်တိုင်းကြောင့် သွားလာရခက်ခဲမှုဖြစ်ပေါ်တဲ့နေရာတွေကို PDF ကပြုပြင်

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်အတွင်း ဆိပ်ဖြူ - ဆောလမ်းပိုင်းတလျှောက်မှာ မုန်တိုင်းတိုက်ခတ်ပြီးတဲ့နောက် သွားလာရခက်ခဲ့တဲ့နေရာတွေကို မေလ ၁၄ ရက် မနေ့ကစတင်ကာ ပြုပြင်မှုတွေပြုလုပ်ခဲ့တယ်လို့ ဆိပ်ဖြူဘာမထီအဖွဲ့က ပြောပါတယ်။

ဆိပ်ဖြူ - ဆောလမ်းပိုင်းက ရေကျော်တွေကိုသန့်ရှင်းတာအပြင် လမ်းတလျှောက်ကမြေပြိုတာနဲ့ လဲကျနေတဲ့သစ်ပင်တွေကို PDF ရဲဘော်အင်အား ၂၀ ဦးလောက်နဲ့ ရှင်းလင်းနေတာလို့ အဖွဲ့တာဝန်ရှိသူ ကိုမိုက်ကယ် က မြေလတ်အသံကို ပြောပါတယ်။


"အဓိကကတော့ တောင်ကျရေပေါ့။ လမ်းပိုင်းမှာရှိတဲ့ ရေကျော်တွေကိုဖြတ်စီးပြီး ရွှံတွေ၊ နုန်းတွေတင်ပြီး ကျန်ခဲ့တာ။ ကားတွေသွားလာမရဖြစ်နေတာကို ရေစက်မောင်းပြီး ရေနဲ့ပြန်ထိုးချရတာဗျ။ တချို့သစ်ပင်လဲတာမျိုးပေါ့။ ဒီနေ့အထိသန့်ရှင်းရေးလုပ်နေရတုန်းပါ" လို့ ပြောပါတယ်။

မိုခါမုန်တိုင်းအရှိန်ကြောင့် ဆိတ်ဖြူမြို့နယ်မှာ မေလ ၁၃ ရက်ကစတင်ကာ မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး မိုးရွာသွန်းမှုများရင် ဆော-ဆိပ်ဖြူလမ်းပိုင်း ကားလမ်းမတွေပေါ်ကို မြေပြိုကျပြီး လမ်းပိတ်ဆို့တာတွေ ဖြစ်ပေါ်လေ့ရှိတယ်လို့ဆိုပါတယ်။

မုန်တိုင်းကြောင့် ဆိပ်ဖြူဘာမထီတပ်ဖွဲ့စခန်းအနေနဲ့ ကြီးမားတဲ့ပျက်စီးဆုံးရှုံးမှုမရှိခဲ့ဘဲ လက်ရှိမှာ ဆိပ်ဖြူမြို့နယ်အတွင်း မိုးလေကင်းလွတ်နေတာကြောင့် PDF ရဲဘော်တွေအနေနဲ့ လေကြောင်းရန်ကို စိုးရိမ်နေကြတယ်လို့ သိရပါတယ်။

စာတည်း-ရင်ငြိမ်း

#မြေလတ်အသံ
#ဆိပ်ဖြူ #PDF #ဆောဆိပ်ဖြူလမ်း #ရှင်းလင်းရေး #ပြုလုပ်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10