ဇီးဖြူကုန်း ပျူရွာမှ ထွက်ပြေးလာသူ ၅ ဦးကို ပုလဲပကဖက နေစရာနဲ့ ထောက်ပံ့ကြေးပေး

ဇီးဖြူကုန်း ပျူရွာမှ ထွက်ပြေးလာသူ ၅ ဦးကို ပုလဲပကဖက နေစရာနဲ့ ထောက်ပံ့ကြေးပေး

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ် ဇီးဖြူကုန်း ပျူစောထီးကျေးရွာမှ ဒေသခံရွာသူရွာသား ၅ ဦး ဇန်နဝါရီ ၁၃ ရက် မနက်ပိုင်းက ထွက်ပြေးလွတ်မြောက်လာပြီး အလင်းဝင်ခိုလှုံလာတယ်လို့ ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဆီက သိရပါတယ်။

ဇီးဖြူကုန်းပျူစောထီးကျေးရွာမှ အမျိုးသမီး ၂ ဦး အမျိုးသား ၃ ဦး စုစုပေါင်း ၅ ဦး ထွက်ပြေးလွတ်မြောက်လာကာ ပုလဲမြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံ ခိုလှုံခွင့် တောင်းခံလာတယ်လို့ ဆိုပါတယ်။

" စားဝတ်နေရေး အဆင်မပြေတာကြောင့် ထွက်ပြေးလာကြတာများတယ်။ တတ်နိုင်သမျှ ထောက်ပံ့ပြီးတော့ နေရာထိုင်ခင်း ကူညီပေးထားတယ်" လို့ ပုလဲပအဖတာဝန်ခံ ကိုဇော်ထက်က ပြောပါတယ်။

ပျူရွာမှ အလင်းဝင်လာသူ ၅ ဦးကို စစ်ဆေးမေးမြန်းပြီး အေးချမ်းစွာနေထိုင်ဖို့ စစ်ကောင်စီ၊ ပျူစောထီး၊ သူလျှိုဒလန်တွေနဲ့ ပတ်သက်ဆက်သွယ်ခြင်းမပြုဖို့၊ နွေဦးတော်လှန်ရေးနဲ့ ပြည်သူလူထုကို ထိခိုက်စေတဲ့ အပြောအဆို၊ အပြုအမူလုပ်ရပ်များ မပြုလုပ်ဖို့၊ ပြုလုပ်ပါက ပြင်းထန်တဲ့ အပြစ်ပေးအရေးယူခံရမယ်ဆိုတာကို ခံဝန်ကတိ လက်မှတ်ရေးထိုးရတယ်လို့ သူက ဆက်ပြောပါတယ်။

အဲ့ဒီလို ခံဝန်ကတိရေးထိုးတဲ့ ထွက်ပြေးလွတ်မြောက်လာသူ ၅ ဦးကို ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က မိုးကာ ၃ ချပ်နဲ့ ငွေ ၁၀၀,၀၀၀ ကျပ်ကို ထောက်ပံ့ပေးခဲ့ပြီး လုံခြုံတဲ့နေရာမှာ နေရာထိုင်ခင်း လုပ်ပေးထားတယ်လို့ သိရပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ           

#စစ်ကိုင်း #ပုလဲ #ယင်းမာပင် #ပျူရွာမှထွက်ပြေးလွတ်မြောက် #ပအဖ #အလင်းဝင် #ထောက်ပံ့ #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10