ဈေးဝယ်နေတဲ့ ရဲတဦးကို ဓားနဲ့အနီးကပ်ရှင်းလင်းပြီး လက်နက်နဲ့ခဲယမ်းတွေ သိမ်းဆည်းနိုင်ခဲ့

ဈေးဝယ်နေတဲ့ ရဲတဦးကို ဓားနဲ့အနီးကပ်ရှင်းလင်းပြီး လက်နက်နဲ့ခဲယမ်းတွေ သိမ်းဆည်းနိုင်ခဲ့

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့၊ မြို့မဈေးမှာ စျေးဝယ်နေတဲ့ ရဲဒုတပ်ကြပ်တဦးကို ရှင်းလင်းခဲ့ပြီး ၎င်းကိုင်ဆောင်တဲ့ သေနတ်နဲ့ ကျည်တချို့ကို သိမ်းဆည်းရရှိခဲ့တယ်လို့ မုံရွာခရိုင်အမှတ် ၁၂ တပ်ရင်း၊ တပ်ခွဲ ၄ ဆီက သိရပါတယ်။

သေဆုံးသူမှာ ချောင်းဦးမြို့မရဲစခန်းမှ ရဲဒုတပ်ကြပ် စည်သူဖြိုးဝေဆိုသူဖြစ်ပြီး ရဲစခန်းကနေ ဈေးဝယ်ထွက်လာစဉ် ဇူလိုင် ၆ ရက် မနက် ၇ နာရီလောက်မှာ စျေးအတွင်းမှာပဲ ဓားနဲ့အနီးကပ်တိုက်ခိုက်ရှင်းလင်းခဲ့တာလို့ ဆိုပါတယ်။

" မြို့ပေါ်မှာ ကင်းပုန်းတွေအထပ်ထပ်ချထားတဲ့ကြားထဲက‌နေ ကျနော်တို့ ဈေးလယ်ကောင်ကိုသွားပြီး သူတို့ လူစုကွဲမဲ့အချိန်ကိုစောင့်ပြီးတော့ မစ်ရှင်လုပ်ခဲ့တာပါ။  သူလဲကျသွားတဲ့အချိန် ဂန်း(သေနတ်)ကို ယူပြီးပြေးခဲ့တာ" လို့ မုံရွာခရိုင်အမှတ် ၁၂ တပ်ရင်း၊ တပ်ခွဲ ၄ မှ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံက ပြောပါတယ် ။

တိုက်ခိုက်မှုအတွင်း အဆိုပါရဲဒုတပ်ကြပ်ကိုင်ဆောင်တဲ့ BA 63 (G- 3)သေနတ် ၁ လက်၊ ၇.၆၂ မမ ကျည် ၄၀ တောင့် ၊ ကျည်ဘောက် ၂ ခု နဲ့ ဖုန်း ၁ လုံးကို သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ် ။ 

တိုက်ခိုက်မှုကို တပ်ခွဲ ၄ မှ ကာကွယ်ရေးတပ်ဖွဲ့ဝင် ၂ ဦးက လုပ်ဆောင်ခဲ့ပြီး အဲ့ဒီမစ်ရှင်အတွက် အချိန် ၁ လလောက်ယူကာ ချောင်းဦးမြို့ပေါ်ဈေးကို မကြာခဏသွားရောက်စောင့်ကြည့်ထောက်လှမ်းတာတွေ လုပ်ဆောင်ခဲ့ရသလို ချောင်းဦးမြို့မဈေးနဲ့ ရဲစခန်းဟာ မီတာ ၅၀ ဝန်းကျင်ခန့်သာ ကွာဝေးတဲ့အတွက် အလျင်အမြန်လုပ်ဆောင်ခဲ့ရတယ်လို့ ဆိုပါတယ်။

အခင်းဖြစ်ပွားပြီးနောက်  ရဲတပ်သားတွေရောက်ရှိလာကာ ချောင်းဦးဈေးအတွင်း သေနတ်တွေပစ်ဖောက်ပြီး ဈေးဝယ်သူတွေကို စစ်ဆေးမေးမြန်းတာနဲ့ ရှာဖွေတာတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

စာတည်း - ဟိန်းစံ

#မြေလတ်အသံ

#ချောင်းဦး #ရဲတပ်ဖွဲ့ဝင် #အနီးကပ်တိုက်ခိုက် #လက်နက်ခဲယမ်း #သိမ်းဆည်းရမိ 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10