ညမထွက်ရအချိန် ကျော်သွားတဲ့ ပြည်သူတဦး သေနတ်နဲ့ ပစ်ခံရလို့ သေဆုံး

ညမထွက်ရအချိန် ကျော်သွားတဲ့ ပြည်သူတဦး သေနတ်နဲ့ ပစ်ခံရလို့ သေဆုံး

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်ကို စစ်အုပ်ချုပ်ရေး ကြေညာအပြီး ၆ ရက်မြောက်နေ့မှာ အလယ်ဆိပ်ရွာသားတဦး ည ၁၀ နာရီကျော်မှာ အိမ်ပြန်မိလို့ သေနတ်နဲ့ ပစ်ခံရပြီး သေဆုံးသွားခဲ့ပါတယ်။

အသက် ၄၅ နှစ်အရွယ် ဦးစိုးနိုင်ဟာ ဖေဖော်ဝါရီ ၈ ရက် မနေ့ည ၁၀ နာရီလောက်မှာ မဲဇာရွာကနေ အလယ်ဆိပ်ရွာကိုပြန်လာချိန် မဲဇာရဲစခန်းရှေ့အရောက်မှာ ရဲကသေနတ်ပစ်လို့ သေဆုံးခဲ့တာ ဖြစ်တယ်လို့ အင်းတော်ဒေသခံတဦးက ပြောပါတယ်။

"ကျနော် သတိပေးထားတာတော့ ကြာပြီ။ စစ်ကောင်စီက မကြေညာခင် ကျနော် အတွင်းသတင်းရလို့အရင် သတိပေးထားတယ်။ မနေ့ကလည်း သတိပေးထားတယ်။ အဲ့လူက နဲနဲစိတ်ဖောက်နေတယ်လို့လည်း ကြားတယ်" လို့ ဆိုပါတယ်။

ဖေဖော်ဝါရီလ ၉ ရက် ဒီနေ့မနက်မှာ ရဲစခန်းက အလောင်းလာယူဖို့ နီးစပ်ရာရွာသားတွေတဆင့် ဆက်သွယ်အကြောင်းကြားလာခဲ့တ​ယ်လို့ ဆိုပါတယ်။

"ရုပ်လောင်းကတော့ မိသားစုတွေ လာယူသွားပါပြီ။ အလယ်ဆိပ်ရွာမှာပဲ မီးသင်္ဂြိုလ်လိုက်ပါပြီ။ စခတွေဘက်ကတော့ ဘာတာဝန်ယူမှုမှ မပေးပါဘူး" လို့ အင်းတော်ဒေသခံက ဆက်ပြောပါတယ်။

စစ်တပ်အာဏာမသိမ်းခင်ကလည်း အင်းတော်ရဲစခန်းရှေ့မှာ ပြည်သူတဦး သေနတ်နဲ့ ပစ်ခံရလို့ သေဆုံးခဲ့ပါသေးတယ်။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10