ညောင်ခြေထောက်ရဲစခန်းကို ဒရုန်းနဲ့တိုက်ခိုက်ရာ စခန်းမှူးအပါ ၃ ဦး ပြင်းထန်ဒဏ်ရာရ

ညောင်ခြေထောက်ရဲစခန်းကို ဒရုန်းနဲ့တိုက်ခိုက်ရာ စခန်းမှူးအပါ ၃ ဦး ပြင်းထန်ဒဏ်ရာရ

ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ်၊ ညောင်ခြေထောက်မြို့ ရဲစခန်းအတွင်းကို ဖေဖော်ဝါရီ ၁ ရက်က ဒရုန်းနဲ့ဗုံးသီးချ တိုက်ခိုက်ခဲ့တယ်လို့ အထူးကွန်မန်ဒိုတပ်ရင်း ရိုးမ ၂ စစ်ကြောင်းထံက သိရပါတယ်

ရိုးမ ၂ စစ်ကြောင်းနဲ့ အုတ်တွင်းမြို့နယ် ပကဖ အဖွဲ့တို့ပူးပေါင်းပြီး ည ၇ နာရီခွဲခန့်မှာ ဒရုန်းနဲ့ဗုံးသီး၂ လုံး ကြဲချတိုက်ခိုက်ခဲ့ရာ စခန်းမှူး၊ နယ်ထိန်းနဲ့ ဒုဗိုလ်တို့ စုစုပေါင်း ၃ ဦး ပြင်းထန်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

"ဒရုန်းနှစ်စီးနဲ့ဗုံး ၂ လုံး တချိန်တည်း ကြဲခဲ့တယ်။ အရာရှိ ၃ ယောက်ညတွင်းချင်း ဆေးရုံပို့လိုက်တယ်။ သေလားရှင်လားဆိုတာ သေချာမသိရသေးဘူး" လို့ ရိုးမ ၂ စစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

ရဲစခန်းဝန်းအတွင်း ဒရုန်းနဲ့တိုက်ခိုက်ရာမှာ ရဲစခန်းမှူး ၁ ဦး လက်ညှိုးပြတ်ကာ ဒုဗိုလ် ၁ ဦးက လက်မောင်းဒဏ်ရာရသလို နယ်ထိန်းရဲ ၁ ဦးမှာ ခြေထောက်ဒဏ်ရာရပြီး တောင်ငူပြည်သူ့ဆေးရုံမှာ ဆေးကုသနေရတယ်လို့ သူကဆက်ပြောပါတယ်။

ညောင်ခြေထောက် ရဲစခန်း ဗုံးကြဲတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရောက်လာကာ  အင်အားဖြည့်တင်းထားပြီး စစ်ဆေးမေးမြန်းနေသလို လုံခြုံရေးတင်းကျပ်ထားတယ်လို့ ဆိုပါတယ်။

ဇန်နဝါရီ ၄ ရက်ကလည်း ကညွတ်ကွင်းမြို့နယ် ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်ရှိ တောင်ဂုန်းတဲရွာအနီး စစ်ကောင်စီတပ်ရဲ့ ကာကင်းစခန်း ၈ ခုကို မနက် ၄ နာရီမှာ တိုက်ခိုက်ခဲ့ရာ လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

ပုံစာ - ဖေဖော်ဝါရီ ၁ ရက်က ဒရုန်းနဲ့မတိုက်မီ တပ်ဖွဲ့ဝင်များကို တွေ့ရစဥ်။

စာတည်း - နွေဦးငြိမ်းချမ်း

#မြေလတ်အသံ

#ပဲခူး #အုတ်တွင်း #ညောင်လေးပင် #ရဲစခန်း #ဒရုန်းနဲ့တိုက်ခိုက် #ပြင်းထန်ဒဏ်ရာရ #ကာကွယ်ရေးပူးပေါင်းတဖွဲ့  #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10