ညောင်ပင်ကြီးရဲစခန်းအနီးမှာ ပြုလုပ်တဲ့ ဆန်ကောသပိတ်

ညောင်ပင်ကြီးရဲစခန်းအနီးမှာ ပြုလုပ်တဲ့ ဆန်ကောသပိတ်

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်မှာအညာပစ်တိုင်းထောင်လေးများအဖွဲ့မှ ဦးဆောင်ကာ မေလ ၃၀ ရက် ဒီနေ့ညနေ ၅ နာရီက စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြတယ်လို့ သိရပါတယ်။


ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီးရဲစခန်းအနီး လမ်းမပေါ်မှာ "စစ်အာဏာရှင်ကျရှုံးရေးဒို့အရေး" စာသားကို ဆန်ကောချပ်တွေမှာရေးကာ လူငယ်တွေက ဆန္ဒပြခဲ့ကြတာဖြစ်တယ်လို့ အညာပစ်တိုင်းထောင်လေးများအဖွဲ့တာဝန်ရှိသူဆီက သိရပါတယ်။

သတင်း - ခန့်အောင်

#မြေလတ်အသံ

#စစ်ကိုင်း #ဆားလင်းကြီး #ညောင်ပင်ကြီးရဲစခန်း #ဆန်ကောသပိတ်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10