တချိန်တခါက လယ်ကွင်းတွေဆီ (ရုပ်သံဆောင်းပါး)

စိမ်းမြမြလယ်ကွင်းစိမ်းပြင်ကြီးနဲ့ ထောင်နေတဲ့ရိုးပြတ်ငုတ်တွေကို တွေ့တိုင်း အတိတ်ကိုပြန်ပြီး မြင်ယောင်မိတယ်။ နှစ်ပေါင်းများစွာ အတူယှဉ်တွဲလုပ်ကိုင်လာခဲ့တော့ အဲ့ဒီအချိန်က ကိုယ်ပန်းစိတ်ပန်းတာတွေ ရှိခဲ့ပေမယ့်လည်း ပြန်တွေးမိတိုင်း အတိတ်ကို ပြန်ပြီးမြင်ယောင်တာ၊ သတိရတာတွေက ဆန်းမည်မထင်။ ဘယ်တော့မှလည်း မေ့သွားမည်မဟုတ်။  

မိုးထဲ၊ လေထဲမှာ ရုန်းကန်ခဲ့ရတာ၊ မိုးကြိုးထစ်သံတွေ၊ လျှပ်စီးတွေကြားထဲ ပုန်းခိုစရာမဲ့ခဲ့တာတွေက အကြိမ်ကြိမ်။ အဲဒီတုန်းက ခြေရာတွေဟာ ထွန်ယက်ခံလိုက်ရလို့ ပျောက်ပျက်သွားပေမယ့် မျက်ဝန်းတစုံမှာတော့ ထင်ကျန်ဆဲ ရှင်သန်ဆဲပါ။ 

မိုးဦးကျလယ်ကွင်းပြင်ကျယ်ကြီးထဲ လယ်ထွန်စက်သံတွေက တဝီဝီ၊ မိုးနှောင်းပိုင်း စပါးရိတ် ခြွေစက်သံကြီးတွေလည်း တညံညံနဲ့ ကြားရပြန်တော့ ဝမ်းသာစိတ်ရော၊ ဝမ်းနည်းတဲ့စိတ်ပါ ပြိုင်တူလိုပေါ်လာတယ်။ ဝမ်းသာစိတ်က လယ်သမားတွေ အဆင့်မြင့်လာပြီဆိုတဲ့အတွေးကြောင့် ဖြစ်ပြီး မခေါ်ပဲကပ်ပါလာတဲ့ ဝမ်းနည်းစိတ်က ဟိုးအတိတ်က အချိန်တွေကို လွမ်းမိလို့ပါ။

တည်းဖြတ် - HP

#မြေလတ်အသံ​

#ရုပ်သံဆောင်းပါး #ရသစာတမ်း #လယ်ယာမြေ #စိုက်ပျိုးရေး #တောင်သူအလွမ်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10