သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့ပေါ်မှာ စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီဘက်က လေကြောင်းပစ်ကူ ၂ ကြိမ်ပြုလုပ်ထားတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။၏
နိုဝင်ဘာ ၂၈ ရက်မနေ့ ည ၁၁ နာရီ ၄၅ မိနစ်ကစတင်ကာ တန့်ဆည်မြို့ပေါ်က စစ်ကောင်စီတပ်ဖွဲ့တွေ အထိုင်ချထားတဲ့ ဝန်ထမ်းအိမ်ယာ၊ ထွေအုပ်ရုံး၊ ရဲစခန်း စတဲ့နေရာတွေကို ကာကွယ်ရေးတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်နေတာဖြစ်ပြီး တိုက်ပွဲကြာချိန် ၁၀ နာရီကျော်ရှိပြီဖြစ်ပါတယ်။
“ ရဲစခန်းကိုဝင်သိမ်းတဲ့အချိန် လေယာဉ်နဲ့လာပစ်တော့ သိမ်းလို့မရသေးပါဘူး။ အခုလည်း ကန့်ဘလူဘက်ကနေ ဟောင်ဝစ်ဇာတွေနဲ့ ပစ်ကူပေးနေတယ်။ ရေဦးဘက်ကနေလည်း စစ်ကူတွေလာဖို့ပြင်နေတယ်။ တိုက်ပွဲက ပြင်းထန်နေဆဲပါ”လို့ တန့်ဆည်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။
လက်ရှိအထိ တိုက်ပွဲကဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးသူများလို့ မနက် ၆ နာရီ မှာတကြိမ်၊ ၈ နာရီ ၅၁ မိနစ်မှာတကြိမ် တိုက်လေယာဉ်တစီး၊ Mi-35 ရဟတ်ယာဉ်တစီးနဲ့ လာရောက်ပစ်ကူပေးခဲ့တယ်လို့ ဆိုပါတယ်။
တိုက်ပွဲ နောက်ဆက်တွဲအခြေအနေ အသေးစိတ်ကို ဆက်လက်ဖော်ပြပေးသွားပါမယ်။
စာတည်း - ရင်ငြိမ်း
#မြေလတ်အသံ
#စစ်ကိုင်း #တန့်ဆည် #ကာကွယ်ရေးတပ် #စစ်ကောင်စီ #တိုက်ခိုက် #လေကြောင်းပစ်ကူ #သတင်း #မြေလတ်သတင်း
Share Share Share