တန့်ဆည်မှာ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်က ၂ ဦးသေဆုံး

တန့်ဆည်မှာ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်က ၂ ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ တန့်ဆည်မြို့နယ်ထဲကကျေးရွာတွေကို စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီအဖွဲ့တွေနဲ့ ဒေသခံကာကွယ်ရေးတပ်တို့ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်က ၂ ဦးသေဆုံးခဲ့တယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် - PLA အဖွဲ့ဆီက သိရပါတယ်။ 

တန့်ဆည်မြို့အရှေ့ဘက်ရှိ သာကေတကျေးရွာကို ရောက်ရှိနေတဲ့ စစ်ကောင်စီစစ်ကြောင်းကို ဧပြီ ၂၂ ရက်ညနေကနေ ဧပြီ ၂၄ ရက် နေ့လယ်အထိ ကာကွယ်ရေးတပ်ဖွဲ့တွေက ၈၁ မမ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာဖြစ်ပြီး နှစ်ဖက်ထိတွေ့ပစ်ခတ်မှုတွေလည်း ရှိခဲ့တယ်လို့ဆိုပါတယ်။ 

"လက်လုပ်အမျိုးအစား လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာပါ။ စစ်သား ၂ ယောက်သေတယ်။ ဒဏ်ရာရတာ ၄ ယောက်လို့ အတည်ပြုနိုင်ပါတယ်။ ရွာထဲက အိမ်တွေလည်း မီးရှို့ဖျက်ဆီးသွားတယ်" လို့ PLAတပ်ဖွဲ့ သတင်းတာဝန်ခံက ပြောပါတယ်။

ဒီတိုက်ခိုက်မှုကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA၊ TCRF - PLA နဲ့ KPK မဟာမိတ်အဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး ကာကွယ်ရေးရဲဘော်တွေဘက်က ထိခိုက်မှုမရှိခဲ့ဘူးလို့ ဆိုပါတယ်။ 

တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီဘက်က သေဆုံးဒဏ်ရာရသူတွေကို ကျန်စစ်ကောင်စီအဖွဲ့တွေက နားဋောင်းကျရွာကိုသယ်သွားတယ်လို့ အထက်ပါသတင်းတာဝန်ခံကပြောပါတယ်။ 

စစ်ကောင်စီစစ်ကြောင်း သာကေတကျေးရွာကို စတင်ဝင်ရောက်ခဲ့တဲ့ ဧပြီ ၂၂ ရက်စလို့ ဒေသခံတွေလည်း ဘေးလွတ်ရာကို တိမ်းရှောင်နေခဲ့ရပါတယ်။ 

ပစ်ခတ်မှုတွေပြီးနောက် စစ်ကောင်စီစစ်ကြောင်းပြန်ထွက်ချိန်မှာလည်း သာကေတကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ် ၄၉ လုံးဆုံးရှုံးခဲ့တယ်လို့ ဒေသခံတွေကတဆင့်သိရပါတယ်။ 

ပုံစာ - သာကေတရွာနေအိမ်များမီးရှို့ခံရပုံနှင့် စစ်ကောင်စီစစ်ကြောင်း ကျန်ခဲ့သည့် အသုံးအဆောင်အချို့ကိုတွေ့ရစဥ်။

စာတည်း - လင်း 

#မြေလတ်အသံ

#စစ်ကိုင်း #တန့်ဆည် #စစ်ကောင်စီ #ကာကွယ်ရေးတပ် #တိုက်ပွဲ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10