တန့်ဆည်မှာ စစ်ရှောင်တွေကို CAF တပ်ဖွဲ့က အဝတ်အထည် ၅၀၀ ကျော် ပေးဝေ

တန့်ဆည်မှာ စစ်ရှောင်တွေကို CAF တပ်ဖွဲ့က အဝတ်အထည် ၅၀၀ ကျော် ပေးဝေ

စစ်ကိုင်းတိုင်း၊ တန့်ဆည်နယ်ထဲကစစ်ရှောင်တွေကို Civil Armed Force - CAF ပြည်သူ့လက်နက်ကိုင်တပ်ဖွဲ့က ဇွန် ၂၅ ရက် မှာ အဝတ်အထည် ၅၀၀ ကျော် ပေးဝေခဲ့တယ်လို့ သိရပါတယ်။ 

တန့်ဆည်မြို့နယ်မှာ စစ်တပ်က စစ်ကြောင်းထိုးတာကြောင့် စစ်ရှောင်နေရတဲ့ ဗျက်ကြီးကျေးရွာက အိမ်ထောင်စု ၁၀၁ စုအတွက် ပြည်သူတွေလှူဒါန်းထားတဲ့ အဝတ်အထည်တွေကို Civil Armed Force - CAF အဖွဲ့က သွားရောက်လှူဒါန်းခဲ့ပြီး အားပေးစကားတွေ ပြောဆိုခဲ့ကြတယ်လို့ Civil Armed Force - CAF  တပ်ဖွဲ့ဝင်တဦးက ဆိုပါတယ်။

“တခြားရွာတွေက စစ်ဘေးရှောင်တွေလည်း ပါမယ်။ ဒေသခံတော်တော်များများကတော့ ဗျက်ကြီးရွာကပါပဲ။” လို့ သူက ပြောပါတယ်။

Civil Armed Force - CAF တပ်ဖွဲ့ဟာ ဇွန် ၂၂ ရက်က တန့်ဆည်နယ် အင်ကုက္ကားရွာက ပျုစောထီးတွေ စုဝေးလျက်ရှိနေချိန် ဒရုန်းနဲ့ သွားရောက်ပစ်ခတ်ခဲ့လို့ စစ်ကောင်စီ နဲ့ ပျူစောထီးတပ်သားတွေ ထိခိုက်ဒဏ်ရာရခဲ့ပါသေးတယ်။ 

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #တန့်ဆည်နယ် #စစ်ရှောင် #CivilArmedForce  #CAF

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10