တပ်ဖွဲ့ယူနီဖောင်းကိုယ်တိုင်ချုပ်နိုင်ဖို့ ABSDF Column - 3 တပ်ဖွဲ့ဝင်တွေ စက်ချုပ်ပညာသင်ယူနေ

တပ်ဖွဲ့ယူနီဖောင်းကိုယ်တိုင်ချုပ်နိုင်ဖို့ ABSDF Column - 3 တပ်ဖွဲ့ဝင်တွေ စက်ချုပ်ပညာသင်ယူနေ

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်အခြေပြု ABSDF Column - 3 ယောဒေသတပ်ဖွဲ့ဝင်တွေက တပ်ဖွဲ့ယူနီဖောင်းတွေကို  ကိုယ်တိုင်ချုပ်လုပ်နိုင်ဖို့အတွက် စက်ချုပ်ပညာတွေကိုသင်ယူနေတယ်လို့ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ကိုပြည့်ဖြိုးကျော် က ပြောပါတယ်။

ချင်းအမျိုးသားတပ်မတော် CAN ဆီမှာ ပြီးခဲ့တဲ့ဇွန်လလယ်ကစလို့ သင်တန်းသူ ၆ ဦးနဲ့ သင်ကြားနေတာဖြစ်ပြီး သင်တန်းကာလ ၆ လကြာမြင့်မယ်လို့ ဆိုပါတယ်။

"လက်ရှိက မဟာမိတ်ဆီမှာ ပညာသင်ယူနေကြပါတယ်  ကျွန်တော်တို့ရဲဘော်တွေရဲ့ယူနီဖောင်းတွေကို စက်ချုပ်ဌာနဖွင့်ပြီး ချုပ်သွားမှာ။ အဓိက က ယူနီဖောင်းတွေ ဝယ်မဝတ်ရတဲ့အခါ အကုန်အကျနည်းလာဖို့ပါပဲ" လို့ ကိုပြည့်ဖြိုးကျော် က မြေလတ်အသံကို ပြောပါတယ်။

လက်ရှိယူနီဖောင်းတစုံကို ကျပ်တသိန်းဝန်းကျင်လောက်ရှိပြီး ကိုယ်တိုင်ဖျင်စဝယ်ချုပ်လုပ်ပါက ကုန်ကျစရိတ် တဝက်နီးပါး သက်သာမှာဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။

ABSDF Column - 3 မှာ အလှူရှင်တွေလှူဒါန်းထားတဲ့ အပ်ချုပ်စက် ၂ လုံးရှိထားပြီး လိုအပ်နေသေးတယ်လို့ ဆိုပါတယ်။

ABSDF Column - 3တပ်ဖွဲ့ဟာ ပြီးခဲ့တဲ့ ဇူလိုင် ၉ ရက်ကလည်း သင်တန်းအပတ်စဥ် ၂/၂၀၂၃ မှ သင်တန်းသား အမျိုးသား ၃၁ ဦးနဲ့ အမျိုးသမီး ၃ ဦး စုစုပေါင်း ၃၄ ဦးပါဝင်တဲ့ အခြေခံစစ်ပညာသင် တန်းဆင်းခဲ့ပြီးဖြစ်သလို အခုနှစ်ဆန်း ဇန်နဝါရီလကလည်း သင်တန်းသား ၃၂ ဦးပါဝင်တဲ့ သင်တန်းအပတ်စဥ် ၁ စစ်အခြေခံသင်တန်းဆင်း ပွဲပြုလုပ်ခဲ့ပါသေးတယ်။

စာတည်း- ရင်ငြိမ်း

#မြေလတ်အသံ

#မကွေး #ဂန့်ဂေါ #ယောဒေသ #ABSDF #ယူနီဖောင်း #စက်ချုပ်သင်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10