တပ်ဖွဲ့အတွင်းစားနပ်ရိက္ခာအတွက် Kamma PDF က ဟင်းသီးဟင်းရွက်များစိုက်ပျိုးထား

တပ်ဖွဲ့အတွင်းစားနပ်ရိက္ခာအတွက် Kamma PDF က ဟင်းသီးဟင်းရွက်များစိုက်ပျိုးထား

မကွေးတိုင်း  ၊ ကမ္မအခြေစိုက်ဖြစ်တဲ့ People’s Defense Force - Kamma တပ်ဖွဲ့ဟာ စခန်းတွင်း စားနပ်ရိက္ခာ အထောက်အပံ့ဖြစ်စေရေး ဟင်းသီးဟင်းရွက်တွေ စိုက်ပျိုးထားတယ်လို့ တပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။

အဆိုပါစိုက်ခင်းထဲမှာ ခရမ်း၊ ခရမ်းချဥ်၊ ပဲသီး၊ ပြောင်း၊ ရုံးပတီသီး  ငရုတ်၊ ချဉ်ပေါင်၊ ကန်စွန်း၊  ဘူး စတဲ့အပင်တွေကို တဧကခွဲလောက်စိုက်ပျိုးထားတာလို့ People’s Defense Force - Kamma တပ်ဖွဲ့မှ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

“တချို့မျိုးစေ့က ပြည်သူကလှူတယ်။ တချို့ကကျ ဝယ်ရတာပေါ့၊ တော်လှန်ရေးကာလအတွင်း စားနပ်ရိက္ခာ မပြတ်စဲဖို့အတွက် စိုက်ထားတာပါ ” လို့ ဆိုပါတယ်။

စိုက်ပျိုးထားတဲ့ သီးနှံတွေထဲမှာ ပဲသီး၊ ချဉ်ပေါင်၊ ကန်စွန်း၊ ရုံးပတီသီးတွေကတော့ ရိက္ခာအဖြစ် စားသုံးလို့ရရှိနေပြီလို့ သိရပါတယ်။

 

#မြေလတ်အသံ

#မကွေး #ကံမ #PDF #စားနပ်ရိက္ခာ #ဟင်းသီးဟင်းရွက် #စိုက်ပျိုး #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10