တပ်ရင်းရံပုံငွေနဲ့အလှူငွေတွေကနေ ဂန့်ဂေါခရိုင်တပ်ရင်း ၁ က တပ်ဖွဲ့ဝင် ၁၅၀ နီးပါးအတွက် ယူနီဖောင်းအသစ် တပ်ဆင်ပေးနိုင်ခဲ့

တပ်ရင်းရံပုံငွေနဲ့အလှူငွေတွေကနေ ဂန့်ဂေါခရိုင်တပ်ရင်း ၁ က တပ်ဖွဲ့ဝင် ၁၅၀ နီးပါးအတွက် ယူနီဖောင်းအသစ် တပ်ဆင်ပေးနိုင်ခဲ့

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက် အမှတ် ၁ စစ်ဒေသ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဂန့်ဂေါခရိုင်အမှတ် ၁ တပ်ရင်းက တပ်ဖွဲ့ဝင် ရဲဘော်၊ ရဲမေ ၁၄၃ ဦးကို စစ်ယူနီဖောင်း(တူညီဝတ်စုံ) အသစ်တစုံစီ တပ်ဆင်ပေးနိုင်ခဲ့တယ်လို့ အဲ့ဒီတပ်ရင်းထံက သိရပါတယ်။

စက်တင်ဘာ ၁၉ ရက်နဲ့ ၂၀ ရက်တွေမှာ အခမ်းအနားနဲ့ ပေးအပ်ခဲ့တာဖြစ်ပြီး စစ်ယူနီဖောင်းအသစ်တွေ တပ်ဆင်နိုင်ဖို့အတွက် ယခုနှစ်ဆန်းပိုင်းကနေ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ အချိန် ၉ လကြာပြီးမှပေးအပ်နိုင်ခဲ့တာလို့ ဂန့်ဂေါခရိုင် အမှတ် ၁ တပ်ရင်းရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

စစ်ဦးထုပ်အပါယူနီဖောင်းတစုံကို ၂ သိန်းကျပ် ကုန်ကျပြီး တပ်ဖွဲ့ဝင် ၁၄၃ ဦးအတွက် ကျပ်သိန်းပေါင်း ၂၈၀ ကျော်ဖိုးသုံးစွဲခဲ့ရာ ကာကွယ်ရေးဝန်ကြီး ဌာနရဲ့ လစဉ်ရံပုံငွေနဲ့ အလှူရှင်တွေရဲ့ ပံ့ပိုးပေးမှုတွေကရရှိတဲ့ ငွေကြေးနဲ့ တပ်ဆင်နိုင်ခဲ့တာလို့ သိရပါတယ်။

ဂန့်ဂေါခရိုင်အမှတ် ၁ တပ်ရင်း PDF မှာ တပ်ဖွဲ့ဝင် ရဲဘော်၊ရဲမေ ၃၀၀ ကျော် ရှိပြီး ခရိုင်တပ်ရင်းတွေအနေနဲ့ ABSDF တပ်ရင်း၊ CDF(KKG) တပ်ရင်း၊ မြို့နယ်ပကဖတွေနဲ့ စစ်ရေးလှုပ်ရှားမူတွေကို ပူးပေါင်းလုပ်ဆောင်နေတာဖြစ်တယ်လို့လည်း ဆိုပါတယ်။

စာတည်း - ဟိန်းစံ

#မြေလတ်အသံ

#NUG #ဂန့်ဂေါခရိုင် #တပ်ရင်း၁ #ယူနီဖောင်း #သတင်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10