တပ်သတင်းပေးဆိုသူ ရပ်ကျေးစိုက်ဘဏ်ဥက္ကဌ သေနတ်နဲ့ပစ်သတ်ခံရ

တပ်သတင်းပေးဆိုသူ ရပ်ကျေးစိုက်ဘဏ်ဥက္ကဌ သေနတ်နဲ့ပစ်သတ်ခံရ

ပဲခူးတိုင်းအနောက်ခြမ်း၊ ပေါက်ခေါင်းမြို့နယ်၊ ကျေးရွာအုပ်စုအဆင့် ရပ်ကျေး လယ်ယာဖွံ့ဖြိုးရေးဘဏ်ဥက္ကဌကို သုတ်သင်ရှင်းလင်းခဲ့တယ်လို့ ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PPDF က သတင်းထုတ်ပြန်ထားပါတယ်။

အသတ်ခံရသူမှာ ပေါက်ခေါင်းမြို့နယ် လှည်းကူးအုပ်စု၊ ကျောက်ပြင်သာရွာမှာနေထိုင်တဲ့  ရပ်ကျေးစိုက်ဘဏ်ဥက္ကဌ ကိုဝင်းနိုင် ဖြစ်ပြီး နိုဝင်ဘာလ ၈ ရက် မနေ့ညနေ ၃ နာရီခွဲလောက်က သူရဲ့ နေအိမ်ခြံဝင်းအတွင်းမှာ သေနတ်နဲ့ ၅ ချက် ပစ်ခတ်ရှင်းလင်းခဲ့တာလို့ ဆိုပါတယ်။

လယ်သမားဆီကချေးငွေတွေ အဓမ္မတောင်းလို့ ဆုံးမရတာ။ ခေါင်းကိုမှန်ပြီး ပွဲခြင်းပြီးသေတယ် လို့ PPDF ဆက်သွယ်ရေးနဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

ကိုဝင်းနိုင်ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ရဲဘော်တွေရဲ့သတင်းကို လိုက်လံထောက်လှမ်းပြီး စစ်ကောင်စီကို သတင်းပေးနေတဲ့ ပျူစောထီးသင်တန်းဆင်းတဦးလည်းဖြစ်လို့ အခုလို ရှင်းလင်းရတာလို့လည်း ထုတ်ပြန်ချက်က ဆိုပါတယ်။ 

အဲ့ဒီတိုက်ခိုက်မှုကို ပေါင်းတည်မြို့နယ် တပ်ရင်း ၃၆၀၁ (PPDF)တပ်ခွဲ ၅ (နွေဦးအဖွဲ့)နဲ့  တပ်ရင်း ၃၆ဝ၂ (PDF ) တပ်ခွဲ ၃ တို့  ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

ပေါင်းတည်မြိုု့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တပ်ရင်း ၃၆၀၁ တပ်ခွဲ ၁ (PPDF) ဟာ နိုဝင်ဘာလ ၈ ရက်အဲ့ဒီနေ့မှာပဲ ပေါင်းတည်မြို့နယ်၊ သစ်ပုတ်ရွာ မိုင်တဲတာဝါတိုင်ကနေ ထွက်လာတဲ့ အင်အား ၂၄ ဦးပါစစ်ကြောင်းကို မရိုးကျွန်းရွာနဲ့ သရက်စမ်းရွာကြားကနေ နေ့လယ် ၁ နာရီလောက်မှာ မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြပါသေးတယ်။ 

စာတည်း - ရင်ငြိမ်း

 #မြေလတ်အသံ

#ပဲခူး #ပေါက်ခေါင်း #ရပ်ကျေး #စိုက်ဘဏ်ဥက္ကဌ #ပျူစောထီး #တပ်သတင်းပေး #ပစ်သတ်ခံရ #သတင်း #မြေလတ်သတင်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10