တပ်အတွင်းဖဲရိုက်တဲ့ PDF ရဲဘော်ရဲမေတွေကို ချုပ်ရက် ၁ ရက် ပြစ်ဒဏ်ပေး

တပ်အတွင်းဖဲရိုက်တဲ့ PDF ရဲဘော်ရဲမေတွေကို ချုပ်ရက် ၁ ရက် ပြစ်ဒဏ်ပေး

ပဲခူးတိုင်းအနောက်ခြမ်းမှာ အခြေစိုက်တဲ့ တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၆ Black Dragon (GBK - PDF) တပ်ဖွဲ့က ဖဲရိုက်တဲ့တပ်ဖွဲ့ဝင် ၅ ဦးကို ပြစ်ဒဏ်ပေးခဲ့တယ်လို့ တပ်ဖွဲ့ပြောခွင့်ရတပ်ခွဲမှူး ရိုးမနဂါးက ပြောပါတယ်။ 

တပ်ဖွဲ့ဝင်ရဲဘော် ၃ ဦးနဲ့ရဲမေ ၂ ဦးပါဝင်ပြီး ဇူလိုင် ၂၀ ရက်မနေ့ နေ့လယ်က ဖဲကစားကြလို့ ပြစ်ဒဏ်ပေးခံရတာလို့ ဆိုပါတယ်။

"ကျနော်က အစည်းအဝေးတက်နေတဲ့အချိန်မှာ သူတို့က ကစားနေတာပါ။ တာဝန်ချိန်မဟုတ်လည်းတပ်ဖွဲ့အတွင်း ဖဲရိုက်ခွင့်မရှိပါဘူး ဒါကြောင့်ပစ်ဒဏ်ပေးရတာပါ" လို့တပ်ခွဲမှူး ရိုးမနဂါးက ပြောပါတယ်။

ယမန်နေ့ နေ့လယ် ၂ နာရီကနေ  ဒီနေ့မနက် ၈ နာရီထိ ချုပ်နှောင်ခဲ့တာဖြစ်ပြီး ထိပ်တုံးမရှိလို့ လက်ပြန်တုပ်ပြီးထားရတာလို့ သူကဆက်​ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလလောက်ကလည်း တပ်ဖွဲ့စည်းကမ်းဖောက်ဖျက်တဲ့ ရဲဘော်အချို့ကိုကြိမ်ဒဏ်နဲ့ ဒိုက်ထိုးတဲ့အပြစ်ပေးတာမျိုးတွေလည်း ရှိခဲ့တယ်လို့ ဆိုပါတယ်။

ဇူလိုင် ၁၉ ရက်ကတော့ တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၆ Black Dragon(GBK - PDF) ရဲ့ ဒုတပ်ခွဲမှူးနဲ့ တပ်ဖွဲ့ဝင်အမျိုးသမီးတဦးတို့ရဲ့ မင်္ဂလာအခမ်းအနားကို တပ်ဖွဲ့ဝင်တွေရဲ့ ပံ့ပိုးမှုနဲ့ တပ်ဖွဲ့အတွင်းမှာ ကျင်းပခဲ့သေးပါသေးတယ်။

စာတည်း - နွေဦးငြိမ်းချမ်း

#မြေလတ်အသံ

#ပဲခူတိုင်းအနောက်ခြမ်း #GBK_PDF #စည်းကမ်း #လောင်းကစား

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10