တရက်ထဲမှာ ထိတွေ့ပစ်ခတ်မှု ၂ ကြိမ်ဖြစ်ပွားပြီး စစ်ကောင်စီဘက်က ၄ ဦး သေဆုံးဟုဆို

တရက်ထဲမှာ ထိတွေ့ပစ်ခတ်မှု ၂ ကြိမ်ဖြစ်ပွားပြီး စစ်ကောင်စီဘက်က ၄ ဦး သေဆုံးဟုဆို

မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ရေပြာရွာ ရဲစခန်းကနေ ထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းနဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တို့ ဖေဖော်ဝါရီလ ၂၄ ရက် မနေ့က တရက်ထဲမှာ ထိတွေ့ပစ်ခတ်မှု ၂ ကြိမ် ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

မနေ့ နေ့လည် ၁၁ နာရီလောက်မှာ ကျွန်းတော်ရွာနဲ့ ရေတိမ်ရွာအကြား အင်အား ၁၅၀ နီးပါးရှိတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းနဲ့ ထိတွေ့ပစ်ခတ်မှု ဖြစ်ပွားခဲ့တာဖြစ်ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၄ ဦး သေဆုံးတယ်လို့ ဆိုပါတယ်။

ထိတွေ့ပစ်ခတ်မှု ဖြစ်ပွားပြီးတဲ့နောက်မှာ အဲဒီစစ်ကောင်စီ စစ်ကြောင်းဟာ ပေါက်မြို့နယ်ထဲက ရှခွာကြီး၊ ရှခွားလေးရွာဘက်ကို ပြန်လည်ထွက်ခွာသွားချိန် ညနေ ၅ နာရီလောက်မှာဒုတိယအကြိမ် ထပ်မံဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။

"ကျတော်တို့ တိုက်ပွဲဖြစ်ပြီး ရပ်သွားတဲ့အချိန် အတိအကျကို လတ်တလောမှာ ထုတ်ပြန်လို့မရသေးတဲ့အတွက် ပြောလို့မရသေးပါဘူး။ တိုက်ပွဲ ၂ ကြိမ်မှာ စခတွေဘက်က ၄ ယောက်ကျပါတယ်။ ကျတော်တို့အထက်စီးကနေ ပစ်ကြရင်းနဲ့မှ စခတွေဘက် ကျဆုံးသွားတာကို တွေ့ရတာပါ" လို့ ပြည်သူ့တော်လှန်ရေးတပ်ဦး (PRF)၊ ဗဟိုသတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ရဲဘော်လွန်းညီက ပြောပါတယ်။

အဲဒီတိုက်ပွဲတွေကို ပြည်သူ့တော်လှန်ရေးတပ်ဦး (PRF) ပခုက္ကူလှုပ်ရှားစစ်ဒေသ နဲ့အတူ ပခုက္ကူခရိုင်တပ်ရင်း ၁၆ တပ်ခွဲ (၁) Pakokku GZ၊ PDO၊ PDA (People's Democratic Army တပ်ခွဲ ၂ ၊ Black ပြောက်ကျားတပ်ဖွဲ့၊ ဒေသခံတပ်ပေါင်းစု ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10