တလအတွင်း ပဲခူးအနောက်ခြမ်းက စစ်ကောင်စီအုပ်ချုပ်ရေးအဖွဲ့ဝင် ၉ ဦးအသတ်ခံရ

တလအတွင်း ပဲခူးအနောက်ခြမ်းက စစ်ကောင်စီအုပ်ချုပ်ရေးအဖွဲ့ဝင် ၉ ဦးအသတ်ခံရ

ပဲခူးတိုင်းအနောက်ခြမ်းကမြို့နယ်တွေမှာ ပြီးခဲ့တဲ့ဩဂုတ်လအတွင်း အုပ်ချုပ်ရေးမှူး ၈ ဦးနဲ့ ရာအိမ်မှူး ၁ ဦး အသတ်ခံခဲ့ရတယ်လို့ ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

အသတ်ခံရသူတွေဟာ မင်းလှမြို့နယ်က အုပ်ချုပ်ရေးမှူး ၂ ဦးနဲ့ ရာအိမ်မှူး ၁ ဦး၊ အုတ်ဖိုမြို့နယ်က အုပ်ချုပ်ရေးမှူး ၁ ဦး၊ ကြို့ပင်ကောက်မြို့နယ်က အုပ်ချုပ်ရေးမှူး ၂ ဦးနဲ့ ပေါက်ခေါင်းမြို့နယ်က အုပ်ချုပ်ရေးမှူး ၃ ဦးတို့ဖြစ်ပါတယ်။ 

သေဆုံးခဲ့သူတွေထဲမှာ မင်းလှနဲ့အုတ်ဖိုမြို့နယ်က အုပ်ချုပ်ရေးမှူး ၃ ဦးနဲ့ ရာအိမ်မှူး ၁ ဦးတို့ဟာ လက်ပစ်ဗုံး ကိုင်ဆောင်ထားသူတွေဖြစ်ပြီး သူတို့ဆီက လက်ပစ်ဗုံး ၄ လုံးအပြင် အခြားဆက်စပ်ပစ္စည်းတွေလည်း သိမ်းဆည်းရမိခဲ့ပါတယ်။

ပစ်ခတ်မှုတွေလုပ်ဆောင်ခဲ့တဲ့ တော်လှန်ရေးအဖွဲ့တွေရဲ့ထုတ်ပြန်ချက်တွေအရ အထက်ပါကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးတွေနဲ့ ရာအိမ်မှူးတွေဟာ စစ်ကောင်စီအင်အားဖြည့်တင်းရေးအတွက် စစ်မှုထမ်း အဓမ္မစုဆောင်းတာ၊ စစ်မှုထမ်းစုဆောင်းတာကိုအကြောင်းပြပြီး ဒေသခံတွေဆီ ခြိမ်းခြောက်ငွေတောင်းတာတွေအပါအဝင် ဒေသခံတွေကို နည်းပေါင်းစုံနဲ့အနိုင်ကျင့်နေတဲ့ စစ်ကောင်စီထောက်တိုင်အကြီးစားတွေဖြစ်တယ်လို့ သိရပါတယ်။

ဒီပစ်ခတ်ရှင်းလင်းမှုတွေကို ပေါင်းတည်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ပေါက်ခေါင်းပကဖ၊ မြေအောက်ပြောက်ကျားတပ်ဖွဲ့(အုတ်ဖို)၊ သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂ က တပ်ခွဲ ၂၊ တပ်ခွဲ ၃၊ မင်းလှပကဖ နဲ့ ကြို့ပင်ကောက်မြို့နယ်အခြေစိုက် BTZM GBK PDF တို့က လုပ်ဆောင်ခဲ့တာဖြစ်ပြီး ကျန်ရှိနေသေးတဲ့ စစ်ကောင်စီအဖွဲ့ဝင်တွေကိုလည်း အပြန်ဆုံးနုတ်ထွက်ကြဖို့ သတိပေးထုတ်ပြန်ထားပါသေးတယ်။ 

ပုံစာ - စစ်ကောင်စီလက်အောက် ပဲခူးတိုင်းစီမံအုပ်ချုပ်ကောင်စီမှ ပဲခူးအနောက်ခြမ်းရှိ  ရပ်ကျေးအုပ်ချုပ်ရေးမှူးများကို တွေ့ဆုံစဉ်။ (ပုံဟောင်း)

စာတည်း - လင်း 

#မြေလတ်အသံ

#ပဲခူး #စစ်ကောင်စီအုပ်ချုပ်ရေးအဖွဲ့ #ရှင်းလင်း #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10