တာဝန်ထမ်းဆောင်ရင်း ရုတ်တရက်သေဆုံးတဲ့ PDF ရဲဘော်ကို သင်္ဂြိုဟ်ပြီးစီး (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်ထဲမှာ ရုတ်တရက်လဲကျသေဆုံးတဲ့ ရဲဘော်တဦးကို သင်္ဂြိုဟ်ပြီးစီးခဲ့ပြီလို့ အမှတ် ၁ စစ်ဒေသ၊ ယင်းမာပင်ခရိုင် အမှတ် ၁၁ တပ်ရင်း၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်က တပ်ရေးအရာရှိ ရဲဘော် ဥက္ကာက ပြောပါတယ်။

ကျဆုံးသူဟာ ကိုယ်ပိုင်အမှတ် P ၁၃ ၀၁၁ ၃၃၂ အသက် ၂၇ နှစ်အရွယ် ရဲဘော်စိုးအောင်ဖြစ်ပြီး  ဧပြီ ၁၀ ရက် မနက် ၈ နာရီက သင်္ဂြိုလ်ခဲ့တယ်လို့ ဆိုပါတယ်။

ရဲဘော်စိုးအောင်ဟာ ဧပြီ ၉ ရက် မနက် ၁၀ နာရီခန့်မှာ တာဝန်ထမ်းဆောင်နေရင်း လမ်းခရီးတနေရာမှာ ကျဆုံးခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။ 

ရဲဘော်စိုးအောင်ဟာ လူပျိုတဦးဖြစ်ပြီး ငယ်စဉ်က သွေးအန်တဲ့ ဝေဒနာခံစားခဲ့ဖူးပေမယ့် အခုသေဆုံးမှုဟာ အပူရှိန်ပြင်းတာကြောင့် ရုတ်တရက်သေဆုံးတာဖြစ်တယ်လို့ ပြောပါတယ်။ 

ရဲဘော်စိုးအောင်ရဲ့ဈာပနကိုမိသားစုဝင်တချို့နဲ့ ယင်းမာပင်ခရိုင် အမှတ် ၁၁ တပ်ရင်းမှာရှိတဲ့ ရဲဘော်တွေက လိုက်ပါပို့ဆောင်ပေးခဲ့ကြပါတယ်။

တည်းဖြတ် - HP

#မြေလတ်အသံ

#ယင်းမာပင် #အမှတ်၁၁တပ်ရင်း #ရဲဘော် #သေဆုံး #အပူချိန်လွန်ကဲ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10