တိုက်ပွဲနားချိန် အကနဲ့ စိတ်ဓာတ်မြှင့်တင်နေတဲ့ ဂန့်ဂေါခရိုင် အမှတ် ၆ တပ်ရင်း (ရုပ်/သံ)

မကွေးတိုင်း၊ ဂန့်ဂေါခရိုင် အမှတ် ၆ တပ်ရင်း Long She Peoples Defence Force ရဲဘော်တွေကို စိတ်ဓါတ်မြှင့်တင်ရေးအတွက် လေ့ကျင့်နေကြတယ်လို့  ဒီတပ်ရင်းဆီက သိရပါတယ်။

အခုလို လေ့ကျင့်ပေးရတာက ရဲဘော်တွေ ရှေ့တန်းမှာ ပင်ပန်းသလို နောက်တန်းမှာလည်းတပ်ရင်းတာဝန်တွေ လုပ်ကိုင်နေကြရတဲ့အတွက် စိတ်ပျော်ရွှင်စေချင်လို့ ဇွန်၂၈ ရက်မှာ ပြုလုပ်ပေးခဲ့တာလို့ ဆိုပါတယ်။

စစ်ရေးရှုပ်ထွေးနေတဲ့ အချိန်နဲ့ ရှေ့တန်းထွက်နေရတဲ့အချိန်ကလွဲရင် တပ်ခွဲအလိုက် စိတ်ဓာတ်ခွန်အားကြံ့ခိုင်စေဖို့၊ ကိုယ်ကာယခွန်အားနဲ့ စိတ်ဓါတ်ခွန်အားကြံ့ခိုင်စေဖို့ ရဲဘော်တွေနဲ့ တိုင်ပင်ပြီး အခုလို ကကွက်တွေနဲ့  လုပ်ပေးဖြစ်တယ်လို့ တပ်ရင်းတာဝန်ခံ ဗိုလ်မာဃ ကပြောပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဂန့်ဂေါခရိုင်အမှတ် ၆ တပ်ရင်းဟာ လက်နက်ကိုင် တိုက်ပွဲဝင်နေတာ ၂၀၂၄ မေလမှာ ၃ နှစ်ပြည့်မြောက်ခဲ့ပြီးဖြစ်တယ်လို့ ဆိုပါတယ်။

တော်လှန်ရေးကာလအတွင်း စစ်ကောင်စီနဲ့ တိုက်ပွဲပေါင်း ၁၀၀ ကျော် တိုက်ပွဲဝင်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ရှင်းလင်းနိုင်ခဲ့သလို တပ်ရင်းက ရဲဘော်တွေလည်း အသက်နဲ့ ကိုယ်လက်အင်္ဂါတွေ ဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။

တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#မကွေး #ဂန့်ဂေါ #PDF #လေ့ကျင့် #စိတ်ဓာတ်မြှင့်တင်ရေး 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10