တိုက်ပွဲပြန်ရင်သပြေခက်နဲ့ ကြိုပေးဖို့ ပြောတဲ့ ရဲဘော်ကျဆုံး အရိုးပြာကိုသာရခဲ့ (ရုပ်သံ)

တိုက်ပွဲကပြန်လာရင် သပြေခက်နဲ့ ကြိုပေးပါလို့ပြောသွားပြီး အဲဒီတိုက်ပွဲမှာပဲ ကျဆုံးသွားလို့ သူ့ဆန္ဒအတိုင်း အရိုးပြာကိုပဲ ဝမ်းနည်းစွာသပြေခက်နဲ့လက်ခံခဲ့ရတယ်လို့  ယင်းမာပင်ခရိုင် တပ်ရင်း ၁၂  တပ်ခွဲ ၃ - T R I P L E - R  ရဲ့  ပြန်ကြားရေးတာဝန်ခံ ရဲဘော် Yar Ma က ပြောပါတယ်။

ကျဆုံးသူ အသက် ၂၁ နှစ်အရွယ် ရဲဘော်နိုင်မင်း‌ဌေးဟာ စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင် တပ်ရင်း ၁၂ တပ်ခွဲ ၃ က ဖြစ်ပြီး ကောလင်းခရိုင်၊ ပင်လယ်ဘူးမြို့နယ်၊ ပလူတာကျေးရွာတိုက်ပွဲမှာ မတ်လ ၁၃ ရက် နေ့လယ်က ဒဏ်ရာရခဲ့ပြီး ဆေးကုသမှုခံယူနေချိန် နောက်တရက် မနက် ၃ နာရီခွဲမှာ ကျဆုံးခဲ့တာလို့ ပြောပါတယ်။

အဲဒီနေ့ မနက်မှာပဲ ကျဆုံးရဲဘော်ရဲ့ အလောင်းကို မီးသင်္ဂြိုဟ်ခဲ့ပြီး အရိုးပြာကို တပ်ခွဲ ၃ အခြေစိုက်တဲ့ ပုလဲမြို့နယ်ကို ပြန်သယ်လာတယ်လို့ ပြောပါတယ်။

ယင်းမာပင်ခရိုင်၊ တပ်ရင်း ၁၂  တပ်ခွဲ ၃ - T R I P L E - R  ဟာ ပြီးခဲ့တဲ့ မတ်လ ၂ ရက်ကနေ ၁၂ ရက်ထိ ကနီမြို့သိမ်းတိုက်ပွဲမှာ အခြား မဟာမိတ်တွေနဲ့အတူ အလယ်ကျွန်းရွာ ပျူတွေကို ဖြတ်တောက်ရေး ကဏ္ဍဝင်‌ရောက်တိုက်ခိုက်ခဲ့ ပါသေးတယ်။

စာတည်း-နွေဦးငြိမ်းချမ်း၊ တည်းဖြတ်-HP

#မြေလတ်အသံ

#တိုက်ပွဲ #သတင်း #ကျဆုံး #ယင်းမာပင်တိုက်ပွဲ #ယင်းမာပင်သတင်း #ရဲဘော် #ပုလဲ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10