တိုက်ပွဲဖြစ်နေလို့ ပုလဲနယ်မှာ ပြည်သူ ၄၀၀ခန့် ခရီးမဆက်နိုင်ဘဲ လမ်းပိတ်မိနေ

တိုက်ပွဲဖြစ်နေလို့ ပုလဲနယ်မှာ ပြည်သူ ၄၀၀ခန့် ခရီးမဆက်နိုင်ဘဲ လမ်းပိတ်မိနေ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်မှာ ဒီဇင်ဘာ ၅ ရက်ကတည်းက ကားမျိုးစုံနဲ့ ခရီးသွားပြည်သူတွေ ခရီးမသွားလာနိုင်ဘဲ လမ်းမှာပိတ်မိနေတယ်လို့ ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဆီက သိရပါတယ်။

ထီးလင်းမြို့နယ် ရေမျက်နီရွာနဲ့ ဂန့်ဂေါမြို့နယ် ကျောရွာအနီးတဝိုက်မှာ စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်နေတာကြောင့် ပုလဲ-ဂန့်ဂေါလမ်းပိုင်းမှ ကုန်တင်ကား၊ ခရီးသည်တင်ကား၊ ကိုယ်ပိုင်ကားတွေ ခရီးမဆက်နိုင်ဘဲ ခရီးသွားပြည်သူ ၄၀၀ ခန့်မှာ ပုလဲနယ်အတွင်း လမ်းပိတ်မိနေတာလို့ ဆိုပါတယ်။

"ဂန့်ဂေါနဲ့ ထီးလင်းနယ်ထဲမှာ တိုက်ပွဲဖြစ်နေလို့ ပြည်သူတွေ ပိတ်မိနေတာပါ။ လမ်းက ကျနော်တို့ သွားလာခွင့် ပိတ်ထားတာမဟုတ်ပါဘူး။ နေရေးစားရေးအတွက် လုပ်ပေးထားပါတယ်" လို့ ပုလဲမြို့နယ် လူသားစာနာတာဝန်ခံက ပြောပါတယ်။

ပုလဲ-ဂန့်ဂေါ ကားလမ်း ၅၂ မိုင်နေရာမှာ လမ်းပိတ်မိနေတဲ့ ပြည်သူတွေကို ဘေးလွတ်တဲ့ နေရာ ၂ ခုမှာ နေရာထိုင်ခင်း အဆင်ပြေအောင် ကူညီပေးထားတယ်လို့ သူက ဆက်ပြောပါတယ်။

ရက်ရှည် လမ်းပိတ်မိနေတဲ့ ပြည်သူတွေကို ပုလဲပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်လူသားစာနာတာဝန်ခံ၊ တိုက်နယ် ၈ ပအဖ၊ ပကဖ၊ လူသားစာနာတာဝန်ခံ၊ ဒုတာဝန်ခံ၊ ရပ်ကျေးပအဖ၊ ပကဖတွေက စားသောက်ဖို့နဲ့ နေရာထိုင် ခင်းကူညီပေးပြီး ငွေကျပ် ၈ သိန်းထောက်ပံ့ပေးခဲ့တယ်လို့ သိရပါတယ်။

စာတည်း- လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်း #ယင်းမာပင် #လမ်းပိတ် #ပုလဲ #ပကဖ #တိုက်ပွဲ #စစ်ကောင်စီတပ်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10