တိုက်ပွဲမရှိဘဲ လေယာဉ်နဲ့ပစ်ခတ်ခဲ့လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦး ထိမှန်သွား

တိုက်ပွဲမရှိဘဲ လေယာဉ်နဲ့ပစ်ခတ်ခဲ့လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦး ထိမှန်သွား

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်ထဲကို စစ်ကောင်စီတပ်က ထိတွေ့ပစ်ခတ်မှုမရှိပဲ ဇွန်လ ၂၉ ရက် ဒီနေ့မနက် ၉ နာရီလောက်မှာ လေယာဉ်နဲ့ လာရောက်ပစ်ခတ်ခဲ့တာကြောင့် ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦး ထိမှန်သွားတယ်လို့ GZ Special Task Force အဖွဲ့ဝင်ဆီက သိရပါတယ်။ 

အခုလို စစ်ကောင်စီတပ်က လေယာဉ်နဲ့ လာရောက်ပစ်ခတ်ခဲ့လို့ ဝက်လက်မြို့အနောက်ဘက်မှာရှိတဲ့ မီးသတ်ရုံးထိမှန်ပျက်ဆီးသွားသလို လိမ်ပင်ရွာ ကားလမ်းမနဲ့ ခေါတောရွာအရှေ့ဘက်မှာရှိတဲ့ ကန်ဘောင်လည်း ထိမှန်သွားတယ်လို့ ဆိုပါတယ်။

“လေယာဉ်နဲ့လည်း ဗုံးကြဲတာရှိတယ်။ rocked နဲ့ ပစ်တာလည်းရှိတယ်။ ၁၅ မိနစ်လောက် ပစ်ခတ်သွားတယ်။ သူတို့ပစ်လိုက်လို့ ကင်းပတ်နေတဲ့ ရဲဘော်တယောက် ထိမှန်သွားတယ်လို့ ကြားတယ်။  ဘယ်အဖွဲ့ကလဲဆိုတာတော့ မသိသေးဘူး” လို့ GZ Special Task Force – Wetlet မှ တာဝန်ရှိသူတဦးက ပြောပါတယ်။

စစ်ကောင်စီက လေယာဉ်နဲ့ မီးသတ်ဝင်းထဲကိုပစ်ခတ်လိုက်လို့ စစ်ကောင်စီအရာရှိတဦးထိမှန် သေဆုံးသွားသလို အများအပြားထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ ဝက်လက်မြို့နယ်သတင်းမှန်ပြန်ကြားရေးက ထုတ်ပြန်ထားပေမဲ့လည်း ဖုန်းနဲ့ဆက်သွယ် မေးမြန်းတဲ့အခါ ပြန်လည် ဖြေကြားခြင်း မရှိသေးပါဘူး။

ဇွန်လ ၂၈ ရက် မနေ့ကလည်း ဝက်လက်မြို့မရဲစခန်းကို ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ စစ်သား ၂ ဦး၊ ရဲ ၅ ဦးသေဆုံးပြီး ဗိုလ်ကြီး ခင်ဇော်ဆိုသူ အပြင်းအထန်ဒဏ်ရာ ရရှိခဲ့တယ်လို့လည်း သိရပါတယ်။

 

စာတည်း - နွေဦးငြိမ်းချမ်း

 

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ဝက်လက် #စစ်ကောင်စီ #လေကြောင်းတိုက်ခိုက်မှု

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10