တိုက်ပွဲမှာ လေးခွနဲ့ပစ်နေတဲ့ တော်လှန်ရေးရဲဘော် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်မှာရှိတဲ့ ညောင်ဖြူပင်ကျေးရွာကို တောပုကျေးရွာမှ ပျူ၊ စစ်သားနဲ့ ရဲ အင်အား ၅၀ ကျော်ပါတဲ့ စစ်ကြောင်းက ဇွန် ၂၃ ရက်မှာ ဝင်လာချိန်တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ Defender Of Motherland Force တပ်ဖွဲ့ဆီက သိရပါတယ်။

ညောင်ဖြူပင်ရွာအနီးမှာ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ ကင်းပုန်းဝပ်နေချိန် စစ်ကြောင်းဝင်လာတာဖြစ်ပြီး နှစ်ဘက်တိုက်ခိုက်ကြရာ နံနက် ၁၁ နာရီ ၁၅ မိနစ်မှ ၁၁ နာရီ ၄၅ မိနစ်အထိ ၁၅ မိနစ်ကြာတိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ပွဲအတွင်းမှာ Defender Of Motherland Force တပ်ဖွဲ့ကရဲဘော်အချို့ဟာ ကျည်ဆန်ကုန်သွားတာ‌ကြောင့်လေးခွနဲ့ပစ်ကာ ဆက်လက်တိုက်ပွဲခဲ့တယ်လို့လည်း ဆိုပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဘက်ကလည်း ၇၉ ဗုံးသီး၊ ၄၀ မမ များနဲ့ပစ်ခတ်သလို လက်နက်ငယ်များနဲ့လည်း ပစ်ခတ်ခဲ့ပြီး စစ်ကြောင်းဝင်လမ်းရာလာအတိုင်း ပြန်ဆုတ်ခွာသွားတယ်လို့ သိရပါတယ်။

တည်းဖြတ် - HP

#မြေလတ်အသံ

#စစ်ကိုင်း #မုံရွာ #စစ်ကောင်စီ #စစ်ကြောင်းထိုး #တော်လှန်ရေးတပ်ဖွဲ့ #တိုက်ပွဲဖြစ်ပွား # မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10