တိုက်ပွဲမှာ ဝမ်းဗိုက်ဒဏ်ရာရတဲ့ရဲဘော်အတွက် ဆေးကုသစရိတ်လိုအပ်နေ

တိုက်ပွဲမှာ ဝမ်းဗိုက်ဒဏ်ရာရတဲ့ရဲဘော်အတွက် ဆေးကုသစရိတ်လိုအပ်နေ

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အတွင်းရှိ ကျေးရွာတရွာမှာ စက်တင်ဘာ ၂၄ ရက်က တိုက်ပွဲဖြစ်ပွားခဲ့ရာ ရဲဘော်တဦးအပြင်းအထန်ဒဏ်ရာရပြီး ဆေးဝါးကုသဖို့အတွက် ငွေကြေးခက်ခဲနေတယ်လို့ ကြောင်ရိုင်းရွှေဘို ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီက သိရပါတယ်။

ရွှေဘိုမြို့နဲ့ ၅ မိုင်ကျော်အကွာအဝေးရှိတဲ့ ဇီးဖြူကုန်းရွာမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ပျူစောထီးတွေကို ရွှေဘိုဒေသကာကွယ်ရေးပူးပေါင်းအဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ရဲဘော်တဦး ဝမ်းဗိုက်မှာ ကျည်မှန်ပြီး ပြင်းထန်ဒဏ်ရာရခဲ့တာလို့ ဆိုပါတယ်။

" ကျည်က တင်ပါးကနေ ဗိုက်ထဲဖောက်ဝင်သွားတယ်။” ရွှေဘိုပကဖတာဝန်ခံ ကိုပေါက်စီက မြေလတ်အသံကို ပြောပါတယ်။

လက်ရှိမှာ ဒဏ်ရာရ ရဲဘော်ရဲ့ ဆီးအိတ်နဲ့ အူတချို့ကို ဖြတ်ဆက်ထားရပြီး ဆေးဝါးဆက်လက်ကုသနိုင်ဖို့ ငွေကြေးအခက်အခဲဖြစ်နေတယ်လို့ သူက ဆိုပါတယ်။  

တိုက်ပွဲမှာ ဒဏ်ရာရတဲ့ ရဲဘော်ကို CDM ဆေးတပ်ဖွဲ့က ဆေးဝါးကုသပေးနေပြီး ဗိုက်အောင့်လာတဲ့အတွက် ထပ်မံခွဲစိတ်ကုသပေးခဲ့ရာ ဆေးဖိုးစားရိတ် ၁၅ သိန်းကျော်ကုန်ကျခဲ့တယ်လို့ ကိုပေါက်စီက ဆက်ပြောပါတယ်။

လူနာရဲ့လက်ရှိအခြေအနေမှာ အစာပျော့အနည်းငယ်သာစားရပြီး ဆီးဝမ်းသွားနိုင်သလို စကားလည်းပြောဆိုနိုင်ပေမယ့် ဝမ်းဗိုက်ဒဏ်ရာပျောက်ကင်းအောင် ဆက်လက်ဆေးကုသဖို့ ငွေကြေးခက်ခဲနေတယ်လို့ တပ်ဖွဲ့တာဝန်ခံက ဆိုပါတယ်။

ဒဏ်ရာရ လူနာမှာ အသက် ၂၉ နှစ်အရွယ် ရဲဘော်ဗိုလ်မိုးကောင်းဆိုသူဖြစ်ပြီး တိုက်ပွဲအတွေ့အကြုံရှိသူဖြစ်သလို ၂၀၂၂ ဇွန်လကတည်းက ကြောင်ရိုင်းရွှေဘိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှာ တာဝန်ထမ်းဆောင်နေသူဖြစ်တယ်လို့ သိရပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ရွှေဘိုမြို့နယ် #ဆေးကုသစရိတ် #ကြောင်ရိုင်းရွှေဘိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့  #ကိုပေါက်စီ #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10