တိုက်ပွဲအတွင်းအထိနာတဲ့ စစ်အုပ်စုက သာစည်ရွာက နေအိမ် ၅၀ ကျော်ကို မီးရှို့

တိုက်ပွဲအတွင်းအထိနာတဲ့ စစ်အုပ်စုက သာစည်ရွာက နေအိမ် ၅၀ ကျော်ကို မီးရှို့

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်၊ သာစည်ကျေးရွာက နေအိမ် ၅၀ ကျော်နဲ့ အဆောက်အဦ အချို့ကို ဒီဇင်ဘာ ၁၅ ရက်မှာ စစ်ကောင်စီတပ်သားတွေကို မီးရှို့သွားတယ်လို့ We Love Myaing အဖွဲ့ဆီက သိရပါတယ်။ 

နေ့လယ် ၁၂ နာရီလောက်မှာ အင်အား ၁၀၀ ဝန်းကျင်ပါတဲ့ စစ်အုပ်စုက သာစည်ရွာကို ဝင်ရောက်မီးရှို့ခဲ့တာကြောင့် နေအိမ် ၅၅ လုံး၊ ဆီစက် ၂ လုံး၊ မြေပဲတင်း ၃၀၀ ကျော် မီးလောင်ပျက်စီးပြီး ဆိတ် ၁၃ ကောင်လည်း မီးထဲပါသေဆုံးခဲ့ပါတယ်။ 

၁၅ ရက်မနက် ၈ နာရီလောက်မှာ စစ်အုပ်စုက သာစည်ရွာနဲ့ ၃ မိုင်နီးပါးဝေးတဲ့ တွင်းမရွာ ပျူစခန်းက ထွက်လာချိန် သာစည်ရွာနဲ့ တွင်းမရွာအကြားမှာ ကာကွယ်ရေးတပ်တွေရဲ့ ကြားဖြတ်တိုက်ခိုက်တာကို ခံရပါတယ်။ 

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က ၇ ဦးသေဆုံးခဲ့တယ်လို့ မြိုင် ပကဖ တာဝန်ခံ ဗိုလ်လက်ယာက မြေလတ်အသံကို ဖြေဆိုထားပါတယ်။ 

ဒီတိုက်ပွဲပြီးတဲ့နောက်မှာ စစ်အုပ်စုက ရွာကိုဝင်ရောက်မီးရှို့ခဲ့တာလည်း ဖြစ်ပါတယ်။ 

မီးရှို့ပြီး အဲ့ဒီရွာမှာပဲ တညအိပ်စခန်းချနေခဲ့ကာ ဒီဇင်ဘာ ၁၆ ရက် ညနေပိုင်းမှ တွင်းမရွာဘက်ကို ပြန်ထွက်သွားကြတယ်လို့ သိရပါတယ်။ 

သာစည်ကျေးရွာမှာ အိမ်ခြေ ၂၁၀၊ လူဦးရေ ၁၀၀၀ ဝန်းကျင်ရှိပြီး အများစုက ရွာကနေတိမ်းရှောင်နေကြပါတယ်။ 

၂၀၂၂ ခုနှစ်၊ ဇွန်လ ၉ ရက်ကလည်း တွင်းမကျေးရွာက စစ်သားနဲ့ပျူစောထီးတွေက သာစည်ရွာကို ပထမအကြိမ်မီးရှို့ရာ နေအိမ် ၁၂ လုံး မီးလောင်ပျက်စီးခဲ့ပါသေးတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#မကွေး #မြိုင် #သာစည် #စစ်အုပ်စု #မီးရှို့ #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10