တိုက်ပွဲအတွေအကြုံနဲ့ သေနတ်သံခွဲခြားနားထောင်တတ်ဖို့ PDF တွေကို သေနတ်ပစ်လေ့ကျင့်ပေး(ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ တပ်ရင်း ၃၅ မှာရှိတဲ့ PDF ရဲဘော်တွေကို ဇူလိုင်လ ၁၃ ရက်မှစပြီး သေနတ်ပစ်လေ့ကျင့်နေကြပေးခဲ့တယ်လို့ အဲ့ဒီတပ်ရင်းဆီက သိရပါတယ်။

တိုက်ပွဲအတွက် အလေ့အကျင့်ကောင်းတခုဖြစ်သလို သေနတ်အသံယဥ်ပါးနားထောင်နိုင်စေဖို့နဲ့ အတွေ့အကြုံရဖို့အတွက် ရည်ရွယ်ပြီးလေ့ကျင့်ပေးနေတာလို့ ယင်းမာပင်ခရိုင် တပ်ရင် ၃၅ တပ်ရေးဗိုလ်ကြီး ကိုသူရ က ပြောပါတယ်။

လက်နက်ငယ်ဖြင့် လေ့ကျင့်ရာမှာ ကိုက် ၃၀၊ ကိုက် ၅၀၊ ကိုက် ၁၀၀ အကွာအဝေးတွေမှာရှိတဲ့ ပစ်မှတ်တွေကို တိကျမှန်ကန်စေဖိုနဲ့ အသံနားထောင်တတ်စေဖို့ ပစ်ခတ်လေ့ကျင့်နေတယ်လို့ ဆိုပါတယ်။

အခုလို ပစ်ခတ်တာကို တပ်ရင်းမှာရှိတဲ့ ရဲဘော်သစ်တွေရော ရဲဘော်ဟောင်းတွေကိုပါ လေ့ကျင့်ပစ်ကြရပြီး ၁ ဦးကို ကျည်ဆန် ၅ ချက်နှုန်းနဲ့ ၃ ရက်တာမျှလေ့ကျင့်ပေးခဲ့တာပါ။

ယင်းမာပင်ခရိုင်တပ်ရင်း ၃၅ က PDF ရဲဘော်တွေ တိုက်ပွဲဝင်ဖို့ လေ့ကျင်နေကြသလို ပြည်သူ့အကျိုးပြုအနေဖြင့်လည်း စစ်ရှောင်၊ မီးဘေး၊ ရေဘေးခံနေရတဲ့ ပြည်သူတွေကိုတတ်နိုင်တဲ့ဘက်က ကူညီထောက်ပံ့ပေးနေပြီး ကျန်းမာရေးစောင့်ရှောက်မှုပါ လုပ်ကိုင်ပေးနေတယ်လို့ သိရပါတယ်။

စာတည်း-နွေဦးငြိမ်းချမ်း၊ တည်းဖြတ်-HP

#မြေလတ်အသံ

 

#စစ်ကိုင်း #ယင်းမာပင် #PDF #သေနတ်ပစ်လေ့ကျင့် #အတွေ့အကြုံ #ပြည်သူ့အကျိုးပြု #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10