တိုင်းရင်းဆေးရုံက စစ်သားတွေ Droneနဲ့ တိုက်ခိုက်ခံရလို့ ၆ ဦးထိခိုက်ဒဏ်ရာရ

တိုင်းရင်းဆေးရုံက စစ်သားတွေ Droneနဲ့ တိုက်ခိုက်ခံရလို့ ၆ ဦးထိခိုက်ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ရေဦးမြို့၊ တိုင်းရင်းဆေးရုံမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို ဇူလိုင် ၁၅ ရက် ဒီနေ့ နေ့လယ် ၁ နာရီလောက်မှာ Drone နဲ့သွားရောက်ပစ်ခတ်ခဲ့တယ်လို့ ရွှေဘိုခရိုင်တပ်ရင်း ၁၄ YEU PDF တပ်ဖွဲ့ဆီက သိရပါတယ်။

အင်အား ၁၀၀ ဝန်းကျင်နဲ့ တိုင်းရင်းဆေးရုံမှာ တနှစ်ကျော်အထိုင်ချထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို YEU PDF တပ်ဖွဲ့က Drone ဗုံးသီး ၆ လုံးနဲ့ ကြဲချတိုက်ခိုက်ခဲ့လို့ စစ်သား ၆ဦး ထိခိုက်ဒဏ်ရာရသွားတယ်လို့ ဆိုပါတယ်။ 

"အဲ့ဒီတိုင်းရင်းဆေးရုံ ဆောက်လုပ်ပြီးကတည်းက သူတို့တွေတပ်စွဲထားတာ။ အဲ့ဒီဆေးရုံမှာ ဘယ်လူနာကိုမှ ဆေးမကုပေးရသေးဘူး။ ဒီမနက် Drone နဲ့သွားပစ်တော့ ကနဦးသိရသလောက်က ဒဏ်ရာရတာတွေပဲ သိရသေးတယ်။ သေဆုံးတာတွေတော့ မသိရသေးဘူး။”လို့ ရွှေဘိုခရိုင်တပ်ရင်း ၁၄ YEU PDF တပ်ဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။

စစ်ကောင်စီတပ်သားတွေ တပ်စွဲထားတဲ့ အဲ့ဒီတိုင်းရင်းဆေးရုံကို  YEU PDF အဖွဲ့ကသွားရောက်ပစ်ခတ်တာ အခုတကြိမ်နဲ့ဆို ၁၀ ကြိမ်လောက်ရှိပြီ ဖြစ်ပါတယ်။

“ကျနော်တို့ Drone နဲ့ သွားပစ်တာက ၂ ကြိမ်၊ Rocket နဲ့သွားပစ်တာကတော့ ၈ ကြိမ်စုစုပေါင်း ၁၀ကြိမ်ရှိပါပြီ။ အရင်ကဆို သူတို့တပ်စွဲထားတဲ့နေရာကို သွားပစ်တာနဲ့ သူတို့ဘက်က လက်နက်ကြီးတွေ၊ လက်နက်ငယ်တွေနဲ့ ပြန်ပစ်တာမျိုးတွေရှိတယ်။ ဒီနေ့မနက်မှာတော့ ဘာပစ်ခတ်မှုမှပြန်မလုပ်ဘူး။" လို့ ဆိုပါတယ်။

ရေဦးမြို့ထဲမှာ စစ်ကောင်စီတပ်ဖွဲ့တွေ အင်အားအများဆုံးနဲ့ အထိုင်ချထားတဲ့နေရာဖြစ်သလို အဲ့ဒီဆေးရုံထဲကနေ လက်နက်ကြီးတွေနဲ့ ကျေးရွာတွေဘက်ကို မကြာခဏပစ်ခတ်တဲ့အတွက် ထိခိုက်သေဆုံးသူနဲ့ ဒဏ်ရာရသူတွေ ရှိတယ်လို့လည်း သိရပါတယ်။

ရွှေဘိုခရိုင်တပ်ရင်း ၁၄ YEU PDFတပ်ဖွဲ့ဟာ ဇူလိုင် ၅ ရက်ကလည်း တိုင်းရင်းဆေးရုံထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို  Drone ၂ စီးနဲ့ သွားရောက်ပစ်ခတ်ခဲ့လို့ စစ်ကောင်စီတပ်သား ၃ဦး သေဆုံးခဲ့ပါတယ်။

စာတည်း - ဇို

#မြေလတ်အသံ

#ရေဦး #တိုင်းရင်းဆေးရုံ #Drone #PDF #ဗုံးကြဲတိုက်ခိုက် #စစ်ကောင်စီ #ထိခိုက်ဒဏ်ရာရ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10