တောင်ငူက တိုင်းရင်းသားမိဘမဲ့ကျောင်းမှာ နှစ်ရှည်ပင် ၂၀၀၀ စတင်စိုက်ပျိုး (ရုပ်/သံ)

ပဲခူးတိုင်း၊ တောင်ငူမြို့အနောက်၊ အင်ဒိုင်းရွာ၊ မြေဖြူတောင် တိုင်းရင်းသား မိဘမဲ့ပရဟိတကျောင်းအတွင်းမှာ အရိပ်ရသစ်ပင်တွေကို ဇူလိုင် ၈ ရက်က စတင်စိုက်ပျိုးခဲ့တယ်လို့ Save The Trees သဘာ၀ပတ်၀န်းကျင်ထိန်းသိမ်းရေးအသင်းဆီက သိရပါတယ်။

တိုင်းရင်းသားမိဘမဲ့ကျောင်းအတွင်းမှာ ကျွန်းပင် ၁၅၀၀၊ ပျဥ်းမပင်၊ ပိတောက်ပင်၊ မယ်ဇယ်ပင်၊ တမာပင်၊ ခရေပင်နဲ့ ယမနေပင် ၅၀၀ တို့ကို စိုက်ပျိုးခဲ့ကြတယ်လို့ Save The Trees အဖွဲ့ ဥက္ကဌ က ပြောပါတယ်။

အခုလို သစ်ပင်စိုက်ပျိုးရာမှာ သစ်ပင်ပျိုးပင်ပေါက်၊ မြေသြဇာ၊ မြက်ရှင်းလင်းတာ၊ သယ်ယူပို့ဆောင်တာ စတဲ့ အထွေထွေစရိတ်တွေကို အလှူရှင်ပြည်သူများရဲ့ထောက်ပံ့မှုနဲ့ စိုက်ပျိုးခဲ့တာလို့ ဆိုပါတယ်။

အခုလို အရိပ်ရပင်တွေစိုက်ပျိုးရာမှာ Save The Trees သဘာ၀ပတ်၀န်းကျင်ထိန်းသိမ်းရေးအသင်းနဲ့အတူ မိဘမဲ့ပရဟိတကျောင်းဝန်ထမ်း စုစုပေါင်း အင်အား ၅၀ ခန့်နဲ့စိုက်ပျိုးခဲ့ပြီး အပင်ရှင်သန်ဖို့နဲ့ပြုစုစောင့်ရှောက်ဖို့အတွက် ပရဟိတကျောင်းက လုပ်ကိုင်သွားမယ်လို့ Save The Trees အဖွဲ့ ဥက္ကဌ ကပြောပါတယ်။

လာမယ့် ၂၀၂၅ မိုးရာသီကာလမှာလည်း အဲ့ဒီ မြေဖြူတောင် တိုင်းရင်းသားမိဘမဲ့ပရဟိတကျောင်းအတွင်းမှာပဲ အရိပ်ရသစ်ပင်တွေနဲ့ ကျွန်းပင် ၁၀၀၀ ကိုလည်း ထပ်မံစိုက်ပျိုးသွားမယ်လို့ သိရပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း၊ တည်းဖြတ် - HP

#မြေလတ်အသံ

#ပဲခူး #တောင်ငူ #သစ်ပင်စိုက်ပျိုး #ပရဟိတကျောင်း #အရိပ်ရပင်များ #သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး   

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10