တောင်ငူခရိုင် တပ်ရင်း ၃၅၀၂ တပ်ခွဲ ၂ ရဲ့ ကျဆုံးရဲဘော်ကျော်ကြီးကို ဂူသွင်းသင်္ဂြိုဟ် (ရုပ်/သံ)

“တော်လှန်ရေးကာလအတွင်းမှာ အခုအချိန်အထိ ရပ်တည်ပေးနေတဲ့ ထောက်ပို့တပ်သား အားလုံးကို ကျေးဇူးတင်ပါတယ်၊ တော်လှန်ရေးကြီးပြီးရင် အောင်ပွဲတွေနဲ့ အတူတူ ပျော်ရွှင်စရာ အချိန်တွေကို အတူတူ ဖြတ်သန်းကြမယ် ‌အရေးတော်ပုံ အောင်ရမည်” လို့  ဗလာစာရွက်မှာ ကိုယ်တိုင်လက်မှတ်ထိုးကာ ရေးသားခဲ့တဲ့ ရဲဘော်ကျော်ကြီးဟာ မတ်လ၂၀ ရက်က ရေတာရှည်မြို့နယ်၊ ကရင်ချောင်းတံတား တိုက်ပွဲမှာ ကျဆုံးခဲ့တယ်လို့ တောင်ငူခရိုင် တပ်ရင်း ၃၅၀၂၊ တပ်ခွဲ ၂ ရဲ့ ပြန်ကြားရေးတာဝန်ခံ ရဲဘော် မနေခြည်က ပြောပါတယ်။

အသက် ၃၁ နှစ်အရွယ် ရဲဘော်ကျော်ကြီးဟာ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တောင်ငူခရိုင် တပ်ရင်း ၃၅၀၂၊ တပ်ခွဲ ၂ တပ်စုမှူး တာဝန်ထမ်းဆောင်နေတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မတ် ၂၀ ရက်က ရဲဘော်ကျော်ကြီးတို့ တပ်ခွဲ ၂ ဟာ ကီးကူစစ်ကြောင်းထဲမှာပါဝင်ပြီး ရေတာရှည်မြို့နယ်၊ ကရင်ချောင်းတံတား တိုက်ပွဲမှာ ဒဏ်ရာရရှိခဲ့ပြီး ကုသနေရင်း ကျဆုံးခဲ့တာလို့ သိရပါတယ်။

ကျဆုံးရဲဘော်ကျော်ကြီးကို အဲဒီနေ့ ည ၇ နာရီမှာပဲ တပ်ဖွဲ့ တာဝန်ရှိသူတွေက အမိန့်ပြန်ကာ ဂူသွင်းသင်္ဂြိုဟ်ခဲ့တယ်လို့ ပြောပါတယ်။ ရဲဘော်ကျော်ကြီးဟာ လူပျိုတဦးဖြစ်ပြီး သူ့ကို ရက်လည်ဆွမ်းသွတ်မယ့်နေ့ကိုတော့ လုံခြုံရေးအရ ပြောဆိုတာမျိုး မရှိပါဘူး။

ရဲဘော်ကျော်ကြီးဟာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လုပ်ငန်းများဆောင်ရွက်ရန် Free Burma Ranger  စေတနာ့ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဘူးတယ်လို့ သိရပါတယ်။

တည်းဖြတ် - HP

#မြေလတ်အသံ

#တောင်ငူခရိုင် #၃၅၀၂ #ကရင်ချောင်းတံတားတိုက်ပွဲ #ကျဆုံးရဲဘော် #ရဲဘော်ကျော်ကြီး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10