တောင်ငူမှာ မွေးကင်းစကလေးကို ကားလမ်းဘေး စွန့်ပစ်ခဲ့၊ ပရဟိတအဖွဲ့က ကူညီစောင့်ရှောက်ပေးထား

တောင်ငူမှာ မွေးကင်းစကလေးကို ကားလမ်းဘေး စွန့်ပစ်ခဲ့၊ ပရဟိတအဖွဲ့က ကူညီစောင့်ရှောက်ပေးထား

ပဲခူးတိုင်း၊ တောင်ငူမြို့၊ ၁၈ ရပ်ကွက်၊ စည်သူလမ်းဘေးတနေရာမှာ မွေးကင်းစကလေးတယောက် လာရောက်စွန့်ပစ်သွားတယ်လို့ နိုဝင်ဘာလ ၁၁ ရက်က အကြောင်းကြားလာတဲ့အတွက် သွားရောက်ကူညီပေးခဲ့တယ်လို့ Save The Trees Rescue Team ဆီက သိရပါတယ်။

ကလေးရဲ့မိခင်ဖြစ်သူမှာ ဆေးရုံမှာမွေးပြီးကတည်းက တွေ့သမျှလူတွေကို ကလေးလိုက်ပေးနေတာဖြစ်ပြီး ဘယ်သူမှမယူတဲ့အခါ မွန်းလွဲ ၁ နာရီခန့် လမ်းဘေးမှာ နို့အ၀တိုက်ထားပြီး စွန့်ပစ်ခဲ့တာလို့ ဆိုပါတယ်။

"ကျန်းမာရေးစစ်ဆေးတော့ ရောဂါမတွေ့ပါဘူး။ အခု မိဘမဲ့ကျောင်းမှာ စောင့်ရှောက်ထားပါတယ်” လို့ Save The Trees Rescue Team တာဝန်ခံ ကိုကျော်သူရက မြေလတ်အသံကိုပြောပါတယ်။

Save The Trees Rescue Team အနေနဲ့ အခုလို စောင့်ရှောက်ကူညီပေးခဲ့တဲ့ ကလေးအရေအတွက်ဟာ ၂၁ ယောက်မြောက်ရှိသွားပြီလို့ သိရပါတယ်။ 

ကလေးငယ်ဟာ ယောင်္ကျားလေးဖြစ်ကာ စတွေ့ချိန်မှာ ပုရွက်ဆိတ်တွေ ကိုက်နေပြီး ခွေးတွေလည်းဟောင်နေတယ်လို့ အနီး၀န်းကျင်မှ ကူညီဆက်သွယ်ပေးတဲ့ ပြည်သူတချို့ဆီက သိရတယ်လို့ သူက ဆက်ပြောပါတယ်။

နိုဝင်ဘာ ၁၁ ရက် မနက် ၄ နာရီခွဲက တောင်ငူဆေးရုံကြီးမှာ အဲဒီကလေးကို မွေးဖွားခဲ့ပြီး ဆေးရုံတက်စာအုပ်မှာပါတဲ့ တောင်ငူ၊ လဲဘူးရွာလိပ်စာမှာ ကလေးမိခင်မရှိဘူးလို့ သိရပါတယ်။ 

Save The Trees Rescue Team အဖွဲ့ဟာ စွန့်ပစ်ခံရတဲ့ကလေးတွေ၊ မိဘက ကျွေးမွေးမစောင့်ရှောက်နိုင်တဲ့ ကလေးတွေ ရှိရင်သွားရောက်‌ခေါ်ဆောင်ကာ မိဘမဲ့ကျောင်းတွေကို ပို့ပေးနေတာဖြစ်သလို ကျန်ရှိတဲ့ ကလေးမိခင်၊ မိသားစုတွေရဲ့ စား၀တ်နေရေးနဲ့ ကျန်းမာရေးအတွက် ကူညီပေးနေတဲ့ လူမှုကူညီရေးအဖွဲ့ဖြစ် တယ်လို့ သိရပါတယ်။

ပုံစာ - နိုဝင်ဘာ ၁၁ ရက်က စွန်ပစ်ခံကလေးငယ်ကို ကူညီစောင့်ရှောက်ပေးနေကြစဥ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#ပဲခူးတိုင်း #တောင်ငူမြို့ #စည်သူလမ်း #မွေးကင်းစ #ကလေး #စွန့်ပစ် #SaveTheTreesRescueTeam #သတင်း #မြေလတ်သတင်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10