သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
ပဲခူးတိုင်း၊ တောင်ငူမြို့အခြေစိုက် ကေတုမတီလေတပ်စခန်းနဲ့ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ဒီဇင်ဘာ ၁၁ ရက်မနေ့က ည ၁၁ နာရီလောက်မှာရှော့တိုက်ဒုံးတွေနဲ့ တချိန်တည်း တိုက်ခိုက်ခဲ့တယ်လို့ Brave Warriors for Myanmar (BWM) ဆီက သိရပါတယ်။
လေတပ်စခန်းထဲကို ၁၀၇ မမ ရှော့တိုက်ဒုံး ၅ လုံး နဲ့ ပစ်ခတ်ခဲ့ရာ ၃ လုံးက လေတပ်စခန်းအတွင်း ကျရောက်ပေါက်ကွဲပြီး ကျန် ၂ လုံးကချို့ယွင်းမှုဖြစ်ခဲ့တယ်လို့ Brave Warriors for Myanmar (BWM) အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူတဦးက ပြောပါတယ်။
တချိန်တည်းမှာပဲ တောင်ငူမြို့ရှိ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် (တပခ) ကိုလည်း ၁၀၇ မမ ရှော့တိုက်ဒုံး ၄ လုံးနဲ့ ပစ်ခတ်ခဲ့ရာ ၂ လုံးသာပစ်ခတ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
“အဲဒီနေရာတွေကို တိုက်ဖို့ အချိန်လပိုင်းအထိယူခဲ့ရတယ်။ ကျနော်တို့ ၂ နေရာလုံးကို တပြိုင်တည်း ပစ်တာပါ၊ ထိခိုက်ပျက်ဆီးမှုတချို့ရှိတယ်လို့ သိရပါတယ်။ တိတိကျကျနဲ့တစုတစည်းတည်းတင်ပြနိုင်အောင် ဆက်လက်စုံစမ်းနေပါတယ်”လို့ Brave Warriors for Myanmar (BWM) အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူတဦးက ပြောပါတယ်။
ပစ်ခတ်မှုတွေအပြီး ၁၁ နာရီ ၅၇ မိနစ်လောက်မှာ စစ်ကောင်စီဘက်က လက်နက်ကြီး ၃ လုံးနဲ့ ပြန်လည်ပစ်ခတ်ခဲ့ပေမယ့် ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က ထိခိုက်မှုမရှိဘဲ ပြန်လည်ဆုတ်ခွာလာနိုင်ခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ တိုက်ခိုက်ရေးအတွက်လေတပ်ကို အစွမ်းကိုတိုးမြှင့်အသုံးချနေတာဖြစ်တဲ့အတွက် BWMနဲ့ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေကလည်း လေတပ်တွေပြိုဖို့ကို ပိုမိုကြိုးပမ်းသွားမယ်လို့ ဆိုပါတယ်။
တောင်ငူလေတပ်စခန်းဌာနချုပ်ဟာ မြန်မာပြည်တဝှမ်း အရပ်သားပြည်သူတွေကို ဗုံးကြဲတိုက်ခိုက်ရာမှာ အဓိကအားထားပြီး အသုံးပြုနေတဲ့လေတပ်စခန်းတခုဖြစ်တဲ့အပြင် တောင်ပိုင်းတော်လှန်ရေး အင်အားစုတွေကိုလည်း အဓိကဒုက္ခပေးနေတဲ့လေတပ်စခန်းတခုဖြစ်တဲ့အတွက် တိုက်ခိုက်ခဲ့တာလို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ဟာလည်း ပဲခူးတိုင်းနဲ့ ကရင်ပြည်နယ်မြောက်ဘက်ခြမ်းအတွင်း ဒေသခံတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေကိုသတ်ဖြတ်နေတဲ့ စစ်ကောင်စီတပ်သားတွေကို အဓိက အမိန့်ပေးကွပ်ကဲနေတဲ့နေရာတခုလည်း ဖြစ်တယ်လို့ ဆိုထားပါတယ်။
ဒီတိုင်းစစ်ဌာနချုပ်ဟာ သက်ဆိုင်ရာဒေသအသီးသီးရှိ နယ်မြေခံတပ်ရင်း၊ တပ်ဖွဲ့တွေကို အဓိက ကြိုးကိုင်ကွပ်ကဲနေတဲ့ ပင်မစစ်ဗဟိုချက်နေရာကြီးဖြစ်တဲ့အတွက် အခုလိုတိုင်းစစ်ဌာနချုပ်တွေကို တိုက်ခိုက်တာက စစ်ဌာနချုပ်နဲ့အတူ အဲဒီဌာနချုပ်ရဲ့ COC အောက်မှာရှိတဲ့တပ်တွေလဲ အင်အားချိနဲ့ စေဖို့ရည်ရွယ်တယ်လို့ BWM ရဲ့ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
BWM နဲ့ပူးပေါင်းတပ်ဖွဲ့တွေအနေနဲ့ တောင်ငူလေတပ်စခန်းကို တိုက်ခိုက်တာဟာ ခု ၁ ကြိမ်နဲ့ဆို စုစုပေါင်း ၆ ကြိမ်မြောက်ဖြစ်ပြီး တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ကို တိုက်ခိုက်တာဟာ ၂ ကြိမ်မြောက်ဖြစ်တယ်လို့ ပြောရေးဆိုခွင့်ရှိသူတဦးက ပြောပါတယ်။
အောက်တိုဘာ ၅ ရက် မနက် ၃ နာရီကျော်မှာ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ၁၀၇ မမ ရှော့တိုက်ဒုံး ၅ လုံးပစ်ခတ်ရာ ဌာနချုပ်စခန်းရုံး၊ ကင်းတဲ၊ အရာရှိလိုင်ခန်းတို့ပေါ် ကျရောက်ပေါက်ကွဲခဲ့ရာ စစ်ကောင်စီတပ်သား ၆ ဦးသေဆုံးခဲ့ပါတယ်လို့ သိရပါတယ်။
အလားတူ အောက်တိုဘာ ၂၀ ရက် ည ၈ နာရီလောက်မှာ တောင်ငူလေတပ်စခန်းကို ၁၀၇ မမ ရှော့တိုက်ဒုံး ၃ လုံးနဲ့ သွားရောက်ပစ်ခတ်ခဲ့တဲ့အတွက် လေတပ်စခန်းအတွင်းရှိ မော်တော်ယာဉ်ဂိုထောင်နဲ့ လေယာဉ်သိုလှောင်ရုံပေါ်ကို ကျရောက်ပေါက်ကွဲသွားခဲ့ပါသေးတယ်။
ဒါ့အပြင် ဒီဇင်ဘာ ၆ ရက်ကလည်း မှော်ဘီလေတပ်စခန်းအတွင်းကို ရှော့တိုက်ဒုန်း ၅ လုံးနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် လေတပ်အရာရှိ ၃ ဦးအပါ ၁၅ ဦးသေဆုံးပြီး ထိခိုက်ပျက်စီးမှုတွေရှိခဲ့တယ်လို့ BWM က ထုတ်ပြန်ထားခဲ့ပါတယ်။
စာတည်း - လင်း
#မြေလတ်အသံ
#ပဲခူး #တောင်ငူ #လေတပ်စခန်း #ရှော့တိုက်ဒုံး #တိုက်ခိုက်
Share Share Share