တောင်ငူလေတပ် ဒရုန်းနဲ့ဗုံးကြဲခံရမှု လေယာဉ်ဂိုဒေါင်ရှေ့ပေါက်ကွဲ (ရုပ်/သံ)

ပဲခူးတိုင်း၊ တောင်ငူလေတပ်ထဲကို ဒီဇင်ဘာ ၁ ရက် မနေ့မနက် ၁၀ နာရီခန့်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာမှာ လေယာဉ်တွေထားတဲ့ ဂိုဒေါင်ရှေ့ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ကျားသံလုံးစစ်ကြောင်း - သံတောင်မြောက်ပိုင်းအထူးဒေသက တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ကိုနွေဦး က ပြောပါတယ်။

ဒရုန်းဖျက် Jammer တွေတပ်ဆင်ထားတဲ့ လေယာဉ်ကွင်းကို အထူးစစ်ဆင်ရေးတစ်ရပ်အနေနဲ့ ဗုံးသီး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့ရာ လေယာဉ်ဂိုဒေါင်ရှေ့နေရာကို ကျရောက်ပေါက်ကွဲပြီး လေယာဉ်ပြုပြင်တဲ့ အနီးက ကားတစီးရှေ့ပိုင်းပျက်စီးပြီး လေယာဉ်ဂိုထောင်ဘေးတခြမ်း ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီတိုက်ခိုက်မှုမှာတော့ စစ်ကောင်စီတပ်သားတွေ ထိခိုက်မှုရှိမရှိ မသိရသေးဘူးလို့ ဆိုပါတယ်။ 

အဲ့ဒီတိုက်ခိုက်မှုကို ကရင်ပြည်နယ်၊ တပ်မဟာ ၂၊ သံတောင်မြောက်ပိုင်း(အထူးဒေသ)၊ KNLA သံတောင်မြောက်ပိုင်းအထူးတပ်ရင်းရဲ့ စစ်ကြောင်းဖြစ်တဲ့ ကျားသံလုံးစစ်ကြောင်း-သံတောင်မြောက် ပိုင်းအထူးဒေသနဲ့ Shar Htoo Waw ပူးပေါင်း Drone တပ်ဖွဲ့ Lethal Prop တို့ ပူးပေါင်းခဲ့တယ်လို့ သိရပါတယ်။ 

ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၈ ရက်ညကတော့ ပဲခူးတိုင်းအရှေ့ခြမ်း တောင်ငူခရိုင် ဖြူးမြို့နယ်ထဲက ရေတွင်းကုန်းရွာ၊ ဇဟာရွာနဲ့ ဘန်လောင်းရွာတွေဘက်ကို စစ်ကောင်စီတပ်က တိုက်လေယာဉ်နဲ့ ဗုံးသုံးလုံးထက်မနည်းကြဲချတိုက်ခိုက်ခဲ့လို့ အမျိုးသား ၁ ဦးဗုံးစထိမှန်ကာ နေအိမ် ၆ လုံးပျက်စီးခဲ့ရပြီး ဘယ်ကနေလာရောက် တိုက်ခိုက်တယ်ဆိုတာတော့ မသိရသေးပါဘူး။

စာတည်း - နွေဦးငြိမ်းချမ်း၊ တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#မြေလတ်သတင်း #ရုပ်သံသတင်း #ပဲခူးတိုင်း #တောင်ငူ #စစ်ကောင်စီ #လေတပ် #တော်လှန်ရေးအင်အား #ဗုံးကြဲတိုက်ခိုက် #KNLA  #ဒရုန်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10