တောင်တွင်းကြီးမှာ ပျူစောထီးခေါင်းဆောင်အုပ်ချုပ်ရေးမှူးအပါ ၃ ဦး အသတ်ခံရ

တောင်တွင်းကြီးမှာ ပျူစောထီးခေါင်းဆောင်အုပ်ချုပ်ရေးမှူးအပါ ၃ ဦး အသတ်ခံရ

မကွေးတိုင်း၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်၊ ပျဥ်ချောင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနဲ့ ပျူစောထီး ၂ ဦးကို ဖေဖော်ဝါရီ ၁၂ ရက်မှာ သေနတ်နဲ့ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ TDG Special Guerilla Force တောင်တွင်းကြီးအထူးပြောက်ကျားတပ်ဖွဲ့ဆီက သိရပါတယ်။

ပျဥ်းချောင်းကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးလည်းဖြစ် ပျူစောထီးခေါင်းဆောင်လို့လည်း လူသိများသူ ညွန့်ဝင်းနဲ့အတူ ပျူစောထီးအဖွဲ့ဝင် သန်းဝင်းနဲ့ မြင့်ဇော်တို့ကို ရခိုင်ဘုရားကြီးဝန်းအတွင်းရှိ ထမင်းဆိုင်မှာ နေ့လယ် ၁ နာရီခန့်က သေနတ်နဲ့ပစ်ခတ်ရှင်းလင်းခဲ့တာလို့ ဆိုပါတယ်။

"ပျူခေါင်းဆောင်ညွန့်ဝင်း က နားထင်ကိုမှန်ပြီးတော့ ဦးခေါင်းပွင့်ပြီး သေသွားတယ်။ ကျန်တဲ့ သန်းဝင်းနဲ့ မြင့်ဇော်တို့လည်း ဝမ်းဗိုက်နဲ့ရင်ဘတ်ကို ကျည်ထိမှန်ပြီး ပွဲချင်းပြီး သေဆုံးခဲ့တယ် " လို့ တောင်တွင်းကြီးပြောက်ကျားတပ်ဖွဲ့ တာဝန်ခံ ရဲဘော်ချေက ပြောပါတယ်။

ဦးညွန့်ဝင်းနဲ့ အပေါင်းအပါတွေဟာ စစ်အာဏာသိမ်းပြီးကတည်းက နိုင်ငံရေးပါတီဝင်တွေ၊ တော်လှန်ရေးရဲဘော်တွေနဲ့ ဒေသခံလူငယ်တွေကို ဖမ်းဆီးခိုင်းတာ၊ စစ်တပ်နဲ့ပူးပေါင်းကာ ပျူစောထီးဖွဲ့ဖို့ အဓိကလုပ်ဆောင်တာတွေမှာ ပါဝင်ခဲ့သူတွေဖြစ်တယ်လို့ ဆိုပါတယ်။ 

ဒီပစ်ခတ်မှုကို Magway Guerilla Warfare Special Guerilla Force၊ Yenanthar Youth Force ရေနံချောင်းအဖွဲ့နဲ့ TDG Soecial Guerilla Force တောင်တွင်းကြီးအထူးပြောက်ကျားတပ်ဖွဲ့ တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။

တောင်တွင်းကြီးအထူးပြောက်ကျားတပ်ဖွဲ့ဟာ မဟာမိတ်အဖွဲ့တွေနဲ့ ပူးပေါင်းပြီး လက်ရှိအချိန်ထိ တောင်တွင်းကြီး၊ အောင်လံ၊ မြို့သစ်၊ မကွေးနယ်တွေအတွင်းက စုစုပေါင်း ပျူစောထီး၂၀ ဦးကျော်ကို ရှင်းလင်းထားတယ်လို့ တာဝန်ခံ ရဲဘော်ချေက ပြောပါတယ်။

စာတည်း - လင်း 

#မြေလတ်အသံ

#မကွေး# တောင်တွင်းကြီး# စစ်ကောင်စီ #ပျူစောထီးအဖွဲ့ #ပစ်ခတ်ရှင်းလင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10