တောင်သာက ပျူစောထီးခေါင်းဆောင်အပါ ၃ ဦးပစ်သတ်ခံရ

တောင်သာက ပျူစောထီးခေါင်းဆောင်အပါ ၃ ဦးပစ်သတ်ခံရ

 

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့ နယ်၊ တောင်ကန်တော်ကျေးရွာရှိ ပျူစောထီးခေါင်းဆောင်ဆိုသူအပါအဝင် ၃ ဦးကို မေ ၂၉ ရက်မှာ ပစ်သတ်ခဲ့တယ်လို့ မြင်းခြံခရိုင်တပ်ရင်း ၈ The Value of Young Men အဖွဲ့ဆီက သိရပါတယ်။

တောင်ကန်တော်ကျေးရွာမှာ နေထိုင်နေတဲ့ ပျူစောထီးခေါင်းဆောင် အောင်ဆန်းနဲ့ တပည့် ၂ ဦးတို့ကို နေအိမ်မှာရှိနေချိန် ည ၆ နာရီခွဲခန့်မှာ ဝင်ရောက်ပစ်ခတ်ခဲ့ရာ ၃ ဦးစလုံး သေဆုံးခဲ့တာလို့ ဆိုပါတယ်။

"အိမ်ထဲအထိ ဝင်ပစ်ခဲ့တာပါ။ အောင်ဆန်း အပါအဝင် ပျူ ၂ ယောက်ကိုလည်း ရှင်းနိုင်ခဲ့ပါတယ်။ စုစုပေါင်း ၃ ယောက်သေတယ်" လို့ The Value of Young Men အဖွဲ့တာဝန်ခံ ရဲဘော် မာမူ ကပြောပါတယ်။

ပစ်ခတ်ပြီးနောက် အဆိုပါပျူစောထီးတွေဆီကနေ ကာဘိုင် သေနတ် ၁ လက်၊ ကျည်ဘောက် ၃ ခု၊ ကျည်ဆန် ၆၇ တောင့်နဲ့ ဖုန်း ၁ လုံးတို့ကိုလည်း သိမ်းဆည်းနိုင်ခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။

ပျူစောထီးခေါင်းဆောင် အောင်ဆန်းဟာ ပျူစောထီးသေနတ်ပစ်သင်တန်း တက်ရောက်ထားသူ ဖြစ်သလို ရွာသားတွေကိုစစ်ဆေးမေးမြန်းတာ၊ ငွေကြေးကောက်ခံတာတွေ ရှိတယ်လို့ ဆိုပါတယ်။

ဒီပစ်ခတ်မှုကို The Value of Young Men မြင်းခြံခရိုင်တပ်ရင်း ၈ နဲ့အတူ တောင်သာမြို့နယ် ပကဖ၊ နေပြည်တော် PDF တပ်ရင်း ၈၀၁ တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့လည်း သိရပါတယ်။

ပုံစာ - သိမ်းဆည်းရရှိခဲ့သည့် လက်နက်ခဲယမ်းများ။

စာတည်း - လင်း 

#မြေလတ်အသံ

#တောင်သာ #ပျူစောထီး #ရှင်းလင်း #မြင်းခြံ #မန္တလေး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10