တောင်သာမြို့နယ်၊ ဇရပ်ကြီးရွာကနေအိမ်ကို စစ်တပ်က မီးရှို့

တောင်သာမြို့နယ်၊ ဇရပ်ကြီးရွာကနေအိမ်ကို စစ်တပ်က မီးရှို့

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်၊ ဇရပ်ကြီးကျေးရွာက နေအိမ် ၁ လုံးကို စစ်ကောင်စီတပ်တွေက မီးရှို့ပြီး နေအိမ်အချို့ကိုပါ ဝင်ရောက်မွှေနှောက်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ 



ဝါးကြီးအိုင်ကျေးရွာက ပျူစောထီးတွေနဲ့ စစ်သားတွေပူးပေါင်းပြီး စက်တင်ဘာလ ၄ ရက်ည ၁၁ နာရီ ၁၅ မိနစ်လောက်မှာ ဝင်ရောက်မီးရှို့ခဲ့တာလို့ ဆိုပါတယ်။ 
 

“ပြီးခဲ့တဲ့ရက်က အဲဒီအိမ်နားမှာ သေနတ်သံကြားလိုက်တဲ့အတွက် ဇရပ်ကြီးရွာက တပ်စွဲထားတဲ့ စစ်ကောင်စီတွေနဲ့ပေါင်းပြီး နေအိမ်ကိုမီးရှို့သွားတာ၊ ကိုတင်မိုးရဲ့ အိမ်ကိုလည်း သော့တွေဖျက်ပြီး ဝင်တယ်၊ အဲ့ဒီအိမ်က အဝတ်ဘီရိုတွေကိုလည်း ဖျက်ဆီးပြီးတော့ မွှေနှောက်သွားတယ် ” လို့ ဒေသခံတဦးက ပြောပါတယ်။ 



အိမ်ခြေ ၁၄၀၀ ကျော်ရှိတဲ့ ဇရပ်ကြီးကျေးရွာမှာ စစ်တပ်က လွန်ခဲ့တဲ့ ၄ လလောက်ကတည်းက တပ်စွဲထားကာ ရွာသားတွေကို ခြိမ်းခြောက်ငွေးတောင်းတာနဲ့ ရိုက်နှက်တာတွေလုပ်တဲ့အတွက် ရွာသားအများစုဟာ အခြားဒေသတွေဆီကို ရွေ့ပြောင်းနေထိုင်နေကြရတယ်လို့ သိရပါတယ်။ 

“စကစတွေက  ရွာသားတွေကို ဖမ်းဆီးပြီးတော့ ငွေတောင်းတာတွေ၊ ရိုက်နက်တာတွေလုပ်နေတော့ ရွာသားတွေလည်း ကြောက်ပြီးတခြားမြို့နယ်မှာ သွားနေကြတယ်။ သူတို့ကိုထောက်ခံတဲ့သူနဲ့ နေအိမ် တွေကို မစွန့်နိုင်တဲ့ သူတွေလောက်ပဲ ရွာထဲမှာကျန်တယ် လို့ ဒေသခံတဦးက ပြောပါတယ်။

ဒါ့အပြင် အဲ့ဒီရွာအနီးမှာ စစ်ကောင်စီတပ်တွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့တို့ မကြာခဏ ထိတွေ့တိုက်ခိုက်မှု၊ မိုင်းဆွဲတိုက်ခိုက်မှုနဲ့ ဒလန်ရှင်းတာတွေလည်း ဖြစ်ပေါ်လျှက်ရှိနေပြီး စစ်ကောင်စီတပ်သားတွေကတော့ အင်အား ၃၀ လောက်နဲ့ လက်ရှိအချိန်ထိ ဇရပ်ကြီးကျေးရွာထဲမှာပဲ တပ်စွဲထားတယ်လို့ သိရပါတယ်။ 

စာတည်း - လင်း 
#မြေလတ်အသံ 
#မန္တလေး #တောင်သာ #စစ်ကောင်စီ #မီးရှို့ #ဒေသခံထွက်ပြေး #သတင်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10