တောင်သာမြို့မှာ စစ်သားသစ်လုပ်ရန် ဖမ်းဆီးခံရတဲ့ လူငယ်တဦးကို ပိုက်ဆံနဲ့ ပြန်ရွေးလိုက်ရ

တောင်သာမြို့မှာ စစ်သားသစ်လုပ်ရန် ဖမ်းဆီးခံရတဲ့ လူငယ်တဦးကို ပိုက်ဆံနဲ့ ပြန်ရွေးလိုက်ရ

မန္တလေးတိုင်း၊ တောင်သာမြို့ပေါ်မှာ စစ်ကောင်စီက လူငယ်တဦးကိုဖမ်းဆီးပြီး စစ်ကောင်စီတပ်ထဲ ဝင်ရန် အတင်းအဓမ္မခြိမ်းခြောက်ခဲ့လို့ ပိုက်ဆံပေးကာ ပြန်ရွေးလိုက်ရတယ်လို့ မြို့ခံတဦးဆီက သိရပါတယ်။ 

တောင်သာမြို့၊ အမှတ် ၆ ရပ်ကွက်က အသက် ၁၈ နှစ်အရွယ် လူငယ်တဦးဖြစ်ပြီး နိုဝင်ဘာ ၂၈ ရက် မွန်းလွဲ ၁ နာရီ ကျော်လောက်က  တောင်သာမြို့နယ် မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးရှေ့က ခြေလျင်ဖြတ်သွားချိန် ရုံးစောင့် စစ်သားတွေက ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။ 

"စစ်သားတွေက ရုံးထဲကနေ ထွက်ဖမ်းတာ။ ကလေးကို စစ်သားတွေက အချုပ်ထဲဝင်မလား၊ စစ်ထဲဝင်မလား မေးတာ ကလေးက ကြောက်ပြီး စစ်ထဲဝင်မယ်ပြောလိုက်တော့ စစ်**ကေ တန်းညှပ်လိုက်တာ” လို့ မြို့ခံတဦးက ပြောပါတယ်။  

ညနေ ၄ နာရီလောက်မှာ မိဘတွေ သိရှိခဲ့လို့ အထွေထွေအုပ်ချုပ်ရေးမှူးရုံးကိုလိုက်ကာ ပိုက်ဆံနဲ့  ပြန်ရွေးယူခဲ့ရပြီး ဘယ်လောက်ပေးရတယ်တော့ မသိဘူးလို့ သူကဆက်ပြောပါတယ်။

တောင်သာမြို့မှာ အခုလို လူငယ်တဦးကို ဖမ်းဆီးပြီး စစ်ထဲဝင်ဖို့ ခြိမ်းခြောက်တာမျိုး အရင်က မကြားဖူးဘူးလို့လည်း ဆိုပါတယ်။ 

ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၂ ရက်ကတော့  စစ်ကောင်စီတပ်ဟာ တောင်သာမြို့ပေါ် အမှတ် ၁၊ ၂၊ ၆ ရပ်ကွက်က ဒေသခံ ပြည်သူ ၆ ဦးကို ဖမ်းဆီးထားရာ အခုထိ ပြန်မလွတ်သေးဘူးလို့ တောင်သာမြို့နယ်လူထူလှုပ်ရှားမှုကော်မတီဆီ က သိရပါတယ်။  

ပြီးခဲ့တဲ့ စက်တင်ဘာ ၂၃ ရက် ညက တောင်သာမြို့နယ် အထွေထွေအုပ်ချူပ်ရေးမှူးရုံးကို ဒေသခံပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့တွေက ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုလည်း ဖြစ်ပွားခဲ့ပါသေးတယ်။

လက်ရှိမှာ တောင်သာမြို့နယ်ဝန်းကျင်မှာလည်း စစ်အုပ်စုဘက်က စစ်သား၊ ရဲ နဲ့ ပျူစောထီးတွေဟာ  ကားတွေ၊ ဆိုင်ကယ်တွေနဲ့ လှည့်လည်ကာ လှုပ်ရှားမှုတွေရှိနေတယ်လို့ သိရပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#မန္တလေးတိုင်း #တောင်သာမြို့ #စစ်ကောင်စီ #တပ်သားသစ် #လူငယ် #ပေါ်တာဆွဲ #ခြိမ်းခြောက် #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10