တောပုရွာ ၂ ရက်ဆက်တိုက်ပွဲမှာ စစ်အုပ်စုဘက်က ၃ ဦးသေဆုံး( ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ မုံရွာအမြင့်လမ်းဘေးမှာရှိပြီး ပျူစောထီး ကြီးစိုးတဲ့တောပုရွာကို နိုဝင်ဘာ ၅ ရက်နဲ့ ၆ ရက် ၂ ရက်ဆက်တိုက် တိုက်ခိုက်ခဲ့တယ်လို့ Defender Of Our Motherland တပ်ဖွဲ့ဆီက သိရပါတယ်။

စစ်သားနဲ့ ပျူစောထီးအဖွဲ့ဝင် ၅၀​ ကျော် တပ်စွဲထားတဲ့ တောပုပျူရွာကို ၂ ရက်တာ Drone အပါအဝင် လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ တိုက်ခိုက်ချိန်မှာ တောပုရွာအနီးက ရဲနဲ့ စစ်သားအင်အား ၅၀ ခန့်ရှိတဲ့ ညောင်ဖြူပင်ရဲကင်းစခန်းကိုလည်း ကာကင်းယူကာ တိုက်ခိုက်ခဲ့ရတာလို့ ဆိုပါတယ်။

တောပုပျူရွာကို တိုက်ခိုက်တဲ့ ၂ ရက်မြောက်နေ့ အောက်တိုဘာ ၆ ရက်မှာတော့ ညောင်ဖြူပင်ရဲစခန်းအတွင်းကထွက်လာတဲ့ ပျူနဲ့ စစ်သားတွေကို ကာကင်းယူထားတဲ့အဖွဲ့က ပစ်ခတ်လို့ စစ်သားနဲ့ ပျူစောထီး ၃ ဦး သေဆုံးခဲ့တယ်လို့ ဗျူဟာအမှတ် ၄၈ တပ်ရင်း ၃ တပ်ခွဲ ၃ Defender Of Our Motherland သတင်းတာဝန်ခံ ရဲဘော်ဂျိမ်းက ပြောပါတယ်။

အခုလိုတိုက်ခိုက်ရာမှာ တောပုရွာကနေ ၆၀ မမ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့သလို ရဲကင်းစခန်းကနေလည်း စက်သေနတ်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့ပေမယ့် အထိအခိုက်မရှိဆုတ်ခွာနိုင်ခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။

အဲ့ဒီတိုက်ပွဲကို ယင်းမာပင်ခရိုင် တပ်ရင်းအမှတ် ၃၊ ၄၊ ၅ ဗျူဟာအမှတ် ၄၈ တပ်ရင်း ၃ တပ်ခွဲ ၃ Defender Of Our Motherland နဲ့အတူ 5/Fighter Group အဖွဲ့တို့ ပူးပေါင်းပြီး တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တည်းဖြတ် - HP

#မြေလတ်အသံ

#စစ်ကိုင်း #မုံရွာ #တိုက်ပွဲ #စစ်အုပ်စု #သေဆုံး 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10