တော်လှန်ကာလ အလွဲတွေကိုထောက်ပြမယ့် ချင်းတွင်းမောင်မယ် တော်လှန်သံချပ် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ခရိုင်တပ်ရင်း ၄၊ တပ်ခွဲ ၃ Monywa Nightking တပ်ဖွဲ့ဝင် PDF ရဲဘော်ရဲမေတွေက တော်လှန်သင်္ကြန်သံချပ်ကို ဧပြီ ၈ ရက်မှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

သံချပ်ကို မုံရွာခရိုင်တပ်ရင်းနဲ့တပ်ခွဲမှာရှိတဲ့ ရဲဘော်ရဲမေတွေ ပူပေါင်းဖျော်ဖြေတာဖြစ်သလို သံချပ်အမည်ကိုတော့ "ချင်းတွင်းမောင်မယ်တော်လှန်သင်္ကြန်သံချပ်" လို့ ပေးထားပါတယ်။

" သံချပ်လုပ်ဖို့ ဧပြီလအစမှာ အားလုံးတိုင်ပင်ဖြစ်တာပါ။ မနှစ်ကလည်း သံချပ်လုပ်ခဲ့တော့ ဒီနှစ်လည်း လုပ်ဖြစ်တဲ့သဘောပါ။ တော်လှန်ကာလအတွင်းမှာ အလွဲတွေကို ထောက်ပြပြီး စနစ်ကို ဝေဖန်တဲ့စာသားတွေ ပါဝင်တယ်" လို့ Monywa Nightking တပ်ခွဲမှူး ဗိုလ်ငယ်လေးက ပြောပါတယ်။

"ချင်းတွင်းမောင်မယ်တော်လှန်သင်္ကြန်သံချပ်" မှာပါတဲ့ စာသားတွေကိုတော့ တပ်ဖွဲ့ဝင်တွေအားလုံးတိုင်ပင်ပြီး ရေးခဲ့ကြတာဖြစ်ပြီး တီးခတ်တဲ့တူရိယာတွေကိုတော့ ဒေသခံတွေပြည်သူတွေက အကူအညီ ပေးခဲ့တာလို့ သူကဆက်ပြောပါတယ်။

စစ်ကိုင်းတိုင်းထဲမှာရှိနေတဲ့ တော်လှန်ရေးအဖွဲ့တွေအားလုံး စည်းစည်းလုံးလုံးနဲ့ စစ်ကောင်စီကို တိုက်ထုတ်ချင်တဲ့ ရည်ရွယ်ရှိသလို စစ်အာဏာရှင်ကျဆုံးတဲ့အထိ တော်လှန်သွားမယ်လို့ဆိုပါတယ်။

မတရားသဖြင့် စစ်အာဏာသိမ်းထားတဲ့ကာလအတွင်းမှာ ပြည်သူတွေ သတ်ဖြတ်ခံရတာ၊ စစ်ဘေးရှောင်ရတာ၊ နေအိမ်တွေမီးရှို့ခံရတယ်ဆိုတာမျိုး နောက်နောင် မျိုးဆက်တွေ မခံစားစေချင်တဲ့အတွက် ဒီမိုကရေစီရရှိအောင်လည်း တော်လှန်သွားမယ်လို့ သိရပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း၊ တည်းဖြတ် - HP

#မြေလတ်အသံ

#စစ်ကိုင်း #မုံရွာ #PDF #သင်္ကြန် #သံချပ်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10