တော်လှန်ဘက်ပြောင်းဖို့တရားဟောတဲ့ ဘုန်းကြီးကို မြောက်ခင်ရန်းပျူစောထီးတွေခုတ်သတ်

တော်လှန်ဘက်ပြောင်းဖို့တရားဟောတဲ့ ဘုန်းကြီးကို မြောက်ခင်ရန်းပျူစောထီးတွေခုတ်သတ်

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ ဟံသာဝတီရွာက ဆရာတော် ၁ ပါးကို ဖေဖော်ဝါရီလ ၁၀ ရက်မှာ မြောက်ခင်ရမ်းကျေးရွာရှိ ပျူစောထီးတွေက ဓါးနဲ့ခုတ်သတ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ 

သက်တော် ၄၅ နှစ်၊ ဝါတော် ၂၅ ဝါရှိ ဥူးပညာဝရဟာ ဖေဖော်ဝါရီ ၉ ရက်က တရားပွဲတခုမှာ တရာဟောနေစဥ် တော်လှန်ရေးအင်အားစုတွေဘက်ကို ဘက်ပြောင်းကြဖို့လိုပြီ ဆိုတဲ့ အကြောင်း အရာကို ထည့်ပြောခဲ့တယ်လို့ ဆိုပါတယ်။ 

အဲ့ဒီနောက် ဖေဖော်ဝါရီ ၁၀ ရက်မှာ ဟံသာဝတီရွာအနီးရှိ မြောက်ခင်ရန်းကျေရွာက ပျူစောထီးတွေက ဆရာတော် ဥူးပညာဝရကို တရားဟောဖို့ပင့်ဖိတ်ခဲ့ပြီး ရွာကိုရောက်တဲ့အချိန်မှာ သတ်ခဲ့တာလို့ ဂန့်ဂေါဒေသခံတဦးက ပြောပါတယ်။ 

ဆရာတော်ကို ဓားနဲ့ ခုတ်နေတာကိုမလုပ်ဖို့တားတဲ့ မြောက်ခင်ရမ်းရွာက နောက်ထပ်ဘုန်းကြီးတပါးကိုလည်း ပျူစောထီးတပ်ဖွဲ့တွေက တားမြစ်ရမလားဆိုပြီး ရိုက်နှက်ထားတာကြောင့် အပြင်းအထန် ဒဏ်ရာရရှိသွားတယ်လို့လည်း ဆိုပါတယ်။

ဥူးပညာဝရ ဟံသာဝတီကျေးရွာထဲမှာ တရားဟောနေချိန် ဒေသခံတွေက တရွာနဲ့ တရွာသွားလာရ ခက်ခဲကြောင်း၊ ရိက္ခာတွေဝယ်ယူစားသောက်ဖို့ ခက်ခဲနေကြောင်းပြောကြတဲ့အခါ ဆရာတော်က “အခုချိန်မှာ တော်လှန်ရေးဘက်က ပိုမိုအင်အားကောင်းလာပြီ ဖြစ်တာကြောင့် ပြည်သူတွေအနေနဲ့ အလံဖြူထောင်ပြီး ဘက်ပြောင်းဖို့နည်းလမ်းပဲရှိမယ်” ဆိုပြီး ပြောကြားခဲ့ပြီးနောက်မှာ ခုလိုအသတ်ခံရတာလည်း ဖြစ်ပါတယ်။ 

ဟံသာဝတီကျေးရွာဟာ မြောက်ခင်ရန်းကျေးရွာနဲ့ ၁ မိုင်နီးပါးအကွာမှာ တည်ရှိပြီး စစ်သားနဲ့ ပျူစောထီးတွေလည်း တပ်စွဲနေကြတယ်လို့ သိရပါတယ်။ 

ဒါ့အပြင် အဲ့ဒီကျေးရွာတွေတဝိုက်ကို ဒေသခံကာကွယ်ရေးတပ်တွေဘက်က ပို့ဆောင်ဆက်သွယ်ရေးလမ်းကြောင်းနဲ့ စားနပ်ရိက္ခာတွေ ဖြတ်တောက်ထားတာလည်း ဖြစ်ပါတယ်။ 

အသတ်ဖြတ်ခံရတဲ့ ဆရာတော်ရဲ့ ရုပ်အလောင်းကိုတော့ ပျူစောထီးတပ်ဖွဲ့တွေက ဖေဖော်ဝါရီ ၁၃ ရက်ဒီမနက်ပိုင်းမှာ ဟံသာဝတီရွာကို ပြန်ပို့ခဲ့တယ်လို့ သိရပါတယ်။ 

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၁၁ ရက်ကလည်း ဟံသာဝတီကျေးရွာအနီး တောရကျောင်းမှာ တပါးတည်း ကျောင်းစောင့်နေတဲ့ သက်တော် ၄၀ နှစ်အရွယ် ကိုရင်ကြီး (ခေါ်) ခေါင်းပြားကို ကုက္ကားကျေးရွာ ပျူစောထီးတွေက ဖမ်းဆီးခေါ်ဆောင်သွားပြီး သတ်ခဲ့တယ်လို့သိရပါတယ်။ 

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ ၇ရက်ကလည်း ယောကာကွယ်ရေးတပ်ဖွဲ့က ရဲဘော်၂ဦးကိုလည်း မြောက်ခင်းရန်းရွာ ပျူစောထီးတွေက အရှင်လတ်လတ်မီးရှို့သတ်ခဲ့ကြပါသေးတယ်။

စာတည်း - လင်း 

#မြေလတ်အသံ

#မကွေး #ဂန့်ဂေါ #စစ်ကောင်စီ #ဆရာတော် #သတ်ဖြတ် #ပျူစောထီး #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10