တော်လှန်ရေးမဟာမိတ်တွေကို စားဆီပေးဝေဖို့ RFF အဖွဲ့က နေကြာစိုက်ပျိုး

တော်လှန်ရေးမဟာမိတ်တွေကို စားဆီပေးဝေဖို့ RFF အဖွဲ့က နေကြာစိုက်ပျိုး

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်အခြေစိုက်တဲ့  Regional Friend Fighters (RFF) အဖွဲ့ဟာ တပ်ဖွဲ့စားသုံးဖို့အပြင် မဟာမိတ်တော်လှန်ရေးအဖွဲ့တွေကို ဆီပေးဝေနိုင်ဖို့အတွက် နေကြာတွေစိုက်ပျိုးနေတယ်လို့ တပ်ဖွဲ့ပြောခွင့်ရသူဆီက သိရပါတယ်။ 

ယင်းမာပင်မြို့နယ်အတွင်းက တောင်သူတဦး တနှစ်စာငှားရမ်းထားတဲ့ မြေအကျယ် လေးဧကမှာ စိုက်ပျိုးနေတာဖြစ်ပြီး ထွန်စက်ငှားရမ်းကာ မြေပြင်ထွန်ယက်ပြီးတဲ့နောက် စိုက်ပျိုးမှုကိုတော့ RFF နဲ့ ပြည်သူမှပြည်သူသို့အဖွဲ့တို့ ပူးပေါင်းစိုက်ပျိုးခဲ့တာလို့ ပြောပါတယ်။ 

“ဆီထွက်သီးနှံစိုက်ပျိုးပြီးရင် နီးစပ်ရာတော်လှန်ရေးတပ်ဖွဲ့တွေ၊ Local ကာကွယ်ရေးအဖွဲ့တွေနဲ့ နွမ်းပါးတဲ့ ပြည်သူတွေဆီကို ဆီတွေထောက်ပံ့သွားဖို့ အဓိကစိုက်ပျိုးခဲ့တာပါ “လို့ Regional Friend Fighters (RFF) ပြည်သူ့ကာကွယ်ရေးအဖွဲ့ ယင်းမာပင်မြို့နယ်၊ တိုက်နယ် ၂ က ဗိုလ်စင်္ကြာက ပြောပါတယ်။ 

အောက်တိုဘာ ၁၉ ရက်က စတင်စိုက်ပျိုးခဲ့တာဖြစ်ပြီး လာမယ့် ၂၀၂၄ ခုနှစ် ဇန်နဝါရီလကုန်ပိုင်းမှာ သီးနှံတွေ ရိတ်သိမ်းနိုင်မှာဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။ 

RFF အဖွဲ့ဟာ ပြီးခဲ့တဲ့နှစ်ကလည်း ကြက်သွန်နီ၊ ချဉ်ပေါင်နဲ့ ခရမ်းစတဲ့ သီးနှံတွေစိုက်ပျိုးခဲ့ပြီး ယင်းမာပင်ခရိုင်တပ်ရင်း၂၊ BLDF (မူလMPDF)၊ Fighter Brotherhood Guerrilla Army ၊ Yin Mar Bin local PDF စတဲ့ အဖွဲ့တွေအပါအဝင် ဒေသကာကွယ်ရေးအဖွဲ့ ၂၀ ခန့်ကို သီးနှံမျိုးစုံ ပိဿာ ၃၀ ခန့်စီ ပေးဝေနိုင်ခဲ့ကာ စုစုပေါင်း ကုန်ချိန်ပိဿာ ၁ ထောင်ခန့်ထွက်ရှိခဲ့တယ်လို့ သိရပါတယ်။ 

Regional Friend Fighters (RFF)အဖွဲ့ဟာ အုပ်ချုပ်ရေးအပြင် ဒေသတွင်းကြားကာလပညာရေးနဲ့ ပြည်သူတွေအတွက်လိုအပ်တဲ့ ကျန်းမာရေးတွေကိုလည်း ပြုလုပ်ပေးနေတယ် သိရပါတယ်။ 

ပုံစာ - Regional Friend Fighters (RFF)အဖွဲ့ ထွန်ယက်စိုက်ပျိုးနေမှုမြင်ကွင်း။

စာတည်း - ရင်ငြိမ်း

#မြေလတ်အသံ

#ယင်းမာပင် #RFF #PDF #နေကြာစိုက်ပျိုး #မျှဝေမှု #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10