တော်လှန်ရေးမှာ ပြည်သူလူထုသွေးအေးမသွားဖို့ The Way နဲ့တော်လှန်ရုပ်ရှင်တွေပြသ

တော်လှန်ရေးမှာ ပြည်သူလူထုသွေးအေးမသွားဖို့ The Way နဲ့တော်လှန်ရုပ်ရှင်တွေပြသ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်အတွင်းရှိ ကျေးရွာတခုမှာ ဒေသခံပြည်သူလူထုကို တော်လှန်ရေးမှာ သွေးအေးမသွားဖို့ မတ်လ ၄ ရက်မနေ့က The Way ရုပ်ရှင်အပါအဝင် အခြားသောတော်လှန်ရုပ်ရှင်တွေ ပြသခဲ့တယ်လို့ ယင်းမာပင်-ဆားလင်းကြီး သပိတ်ကော်မတီအဖွဲ့ ဆီက သိရပါတယ်။

 

တော်လှန်ရေးကာလ အချိန်ကြာမြင့်လာသလို ပြည်သူတွေစားဝတ်နေရေးကျပ်တည်းလာတာကြောင့် အလုပ်တွေလုပ်ကိုင်နေကြရတဲ့အတွက် သပိတ်စစ်ကြောင်းတွေက အရင်လို အများအပြား မထွက်နိုင်တော့တဲ့အတွက် လူထုကိုဖျော်ဖြေရင်း တော်လှန်ရုပ်ရှင်တွေ ပြသရတာလို့ ဆိုပါတယ်။ 

"သပိတ်စစ်ကြောင်းတွေလည်း အရင်လိုမထွက်နိုင်တော့ဘူး။ပြည်သူတွေကို တော်လှန် ရေးအသိစိတ်တွေ နိုးကြားလာဖို့၊ သွေးအေးမသွားဖို့ အခုလို တော်လှန်ရုပ်ရှင်တွေ ပြသရတာပါ" လို့ သပိတ်ကော်မတီဝင် CDM သူနာပြုဆရာမ မအိက ပြောပါတယ်။

တော်လှန်ရုပ်ရှင်တွေကို ယင်းမာပင်-ဆားလင်းကြီး သပိတ်ကော်မတီဝင်တွေက ၂၀၂၃ ခုနှစ် ဇူလိုင်လအစောပိုင်းမှာ စတင်ပြသခဲ့ရာ မေလ ၄ ရက်အထိ ကျေးရွာပေါင်း ၆၃ ရွာမှာ စုစု ပေါင်းအကြိမ်ရေ ၆၆ ကြိမ် ပြသခဲ့နိုင်ခဲ့တယ်လို့ မအိက ဆက်ပြောပါတယ်။

တော်လှန်ရုပ်ရှင်ပြသရာမှာ တခြားမြို့နယ်တွေက တော်လှန်ရေးအင်အားစုတွေကလည်း ပူးပေါင်းပါဝင်ပြီး ပြသတဲ့အခါမှာလည်း မြို့နယ်၊ ကျေးရွာမှာရှိတဲ့ ပအဖ၊ပကဖ အဖွဲ့တွေက လုံခြုံရေးယူပေးတယ်လို့ သိရပါတယ်။

စာတည်း - လင်း 

#မြေလတ်အသံ

#စစ်ကိုင်း #ယင်းမာပင်ခရိုင် #တော်လှန်ရေးရုပ်ရှင် #ပြသ #TheWay #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10