တော်လှန်ရေးသွေးမအေးဖို့ တော်လှန်ရေးရုပ်ရှင်တွေ ပြသနေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ချောင်ဦးမြို့နယ်အတွင်းက ကျေးရွာတွေမှာ တော်လှန်ရေးရုပ်ရှင်တွေလှည့်လည် ပြသနေတယ်လို့ သိရပါတယ်။

တော်လှန်ရေးကာလ သွေးမအေးဖို့အတွက် တော်လှန်ရေးရုပ်ရှင်တွေပြသရင်း ခွန်အားပေးနေတာလို့ ချောင်းဦးမြို့နယ် လူငယ်အင်အားစုသပိတ်ကော်မတီဝင် ကိုဇွဲလေးက မြေလတ်အသံကိုပြောပါတယ်။

" စကစ ရဲ့လုပ်ရပ်တွေကြောင့် ပြည်သူတွေက အထိနာနေပါတယ်။ ပြည်သူတွေကို အားပေးစကား ပြောရင်း ပြသရတာပါ" လို့ ကိုဇွဲလေး က ဆိုပါတယ်။

ရုပ်ရှင်ပြသပွဲနဲ့အတူ ဦးကျော်မိုးထွန်းကိုသံအမတ်အဖြစ် ဆက်လက်ခန့်ထားဖို့ "ငါတို့ရဲ့ သံအမတ်ကြီးသည် ငါတို့ရဲ့ အသံဖြစ်တယ်" ဆိုတဲ့ ထောက်ခံဆန္ဒထုတ်ဖော်တာတွေကိုလည်း လုပ်ခဲ့ကြတယ်လို့ သိရပါတယ်။

သံအမတ်ကြီးဦးကျော်မိုးထွန်းက NUG အမျိုးသားညီညွတ်ရေးအစိုးရရဲ့ သံခင်းတမံခင်းမှာ အလွန်ရေးပါတဲ့နေရာက ရှိနေသလို စစ်ကောင်စီက ပြည်သူလူထုအပေါ်  စစ်ရာဇဝတ်မှုတွေကျူးလွန်နေတာကိုလည်း ကမ္ဘာကိုချပြပေးနေတယ်လို့ ကိုဇွဲလေးက ဆိုပါတယ်။

ပြည်သူတွေကို တော်လှန်ရေးနဲ့ပတ်သက်တဲ့ ရုပ်ရှင်တွေကို အောက်တိုဘာအစောပိုင်းကာလမှာ ရွာတရွာကို ၁ ကြိမ်စီနဲ့ ၆ ကြိမ်ပြသပေးခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီလို ရုပ်ရှင်ပြသရာမှာ ကျေးရွာ ပအဖ၊ ပကဖ နဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက လုံခြုံရေးယူပြီး စောင့်ရှောက်ပေးခဲ့ကြပါတယ်။

တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#ချောင်းဦး #ဦးကျော်မိုးထွန်း  #သံအမတ်ဆက်ခန့်ရေး #ဆန္ဒထုတ်ဖော် #ရုပ်သံသတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10