တော်လှန်ရေးအတွက်အသုံးပြုဖို့ ပြည်သူတဦးက ရွှေထည်ပစ္စည်းတွေထောက်ပံ့

တော်လှန်ရေးအတွက်အသုံးပြုဖို့ ပြည်သူတဦးက ရွှေထည်ပစ္စည်းတွေထောက်ပံ့

စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင် တပ်ရင်း ၄ ဆီကို ဇွန်လအစောပိုင်းမှာ ပြည်သူတဦးက သူပိုင်ဆိုင်တဲ့ ရွှေထည်ပစ္စည်းတွေကို လာရောက်ထောက်ပံ့ပေးခဲ့တယ်လို့ အဲ့ဒီတပ်ရင်းဆီက သိရပါတယ်။

ကန်ဘလူမြို့နယ်က တော်လှန်ပြည်သူတဦးအနေနဲ့ လက်ကောက် ၆ ကွင်းနဲ့ နားဋောင်း ၁ ရံ ထောက်ပံ့ခဲ့တာဖြစ်ပြီး ခန့်မှန်းတန်ဖိုး ကျပ်သိန်း ၇၀ ရှိတယ်လို့ဆိုပါတယ်။

"ရွှေထည်ပစ္စည်းတွေ ပြည်သူတဦးက ပေးခဲ့တာပါ။ တော်လှန်ရေးအတွက် လိုအပ်တဲ့နေရာမှာ သုံးဖို့ဆိုပြီးပေးခဲ့တာ။ တပ်ရင်းအနေနဲ့ အတိုင်းမသိ ဝမ်းသာပီတိဖြစ်မိပါတယ်" လို့ ကန့်ဘလူခရိုင် တပ်ရင်း ၄ တပ်ဖွဲ့ဝင် ရဲဘော်တဦးက ပြောပါတယ်။

ထောက်ပံ့သူဟာ သာမန်လက်လုပ်လက်စား ပြည်သူတဦးဖြစ်ပြီး သူထောက်ပံ့တဲ့ ရွှေထည်ပစ္စည်းတွေကို တပ်ဖွဲ့အတွက်လိုအပ်တဲ့ လက်နက်ခဲယမ်းတွေဝယ်ယူရာမှာ အသုံးပြုသွားမယ်လို့လည်း ဆိုပါတယ်။

ပုံစာ - ထောက်ပံ့ပေးအပ်သည့် လက်ဝတ်ရတနာများကို တွေ့ရစဥ်။

စာတည်း - လင်း 

#မြေလတ်အသံ

#စစ်ကိုင်း #ကန်ဘလူ #PDF #တော်လှန်ပြည်သူ #လက်ဝတ်ရတနာ #ထောက်ပံ့ 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10