တော်လှန်လူထုရဲ့အလှူပွဲမှာ သပိတ်အဖွဲ့ဝင်တွေက ဖျော်ဖြေပေး (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်အတွင်းရှိ ကျေးရွာတရွာမှာ ရှင်ပြုနားသအလှူပွဲပြုလုပ်ခဲ့ရာ သပိတ်ကော်မတီအဖွဲ့ဝင်များက တော်လှန်သီချင်းများနဲ့ ဖျော်ဖြေပေးခဲ့ကြတယ်လို့ လူငယ့်အားမာန် သပိတ်စစ်ကြောင်း အဖွဲ့ဆီက သိရပါတယ်။

နယ်မြေစိုးမိုးမှုရှိတဲ့နေရာတွေက ပြည်သူတွေအနေနဲ့ အလှူအတန်းပြုချင်ကြသလို တော်လှန်ရေးမှာလည်း သွေးမအေးကြောင်းကို ပြသလိုကြတဲ့အတွက် သပိတ်အဖွဲ့တွေကို ဖိတ်ကြားခဲ့ကြတယ်လို့  သပိတ်အဖွဲ့ဝင် ကိုဗလက ပြောပါတယ်။

ဒါ့အပြင် တော်လှန်သီချင်းနဲ့ ကပြဖျော်ဖြေတဲ့ အလှူပွဲ ၆ ပွဲရှိရာ အဖွဲ့ဝင်ဦးရေ  ၂၀ ကျော်နဲ့ကပြသလို အလှူမင်္ဂလာပွဲကိုလာရောက်ကြတဲ့ ပြည်သူတွေက ဆုငွေချီးမြှင့်တာတွေလည်း ရှိတယ်လို့ သူကဆက်ပြောပါတယ်။

လူငယ့်အားမာန် သပိတ်စစ်ကြောင်း အဖွဲ့အနေဖြင့်လည်း ပြည်သူတွေရဲ့ ဆုကြေးငွေတွေကို ကိုယ်ကျိုးအတွက် အသုံးမပြုဘဲ ဒေသတော်လှန်ရေးအဖွဲ့တွေရဲ့ လိုအပ်ချက်တွေဖြည့်တင်းနိုင်ဖို့ ကူညီထောက်ပံ့နေတယ်လို့ အဖွဲ့ဝင် ကိုဗလက ပြောပါတယ်။

အလှူပွဲပြုလုပ်ရာမှာလည်း နယ်မြေခံအုပ်ချုပ်ရေးအဖွဲ့တွေက ခွင့်ပြုပေးပြီး အလှူပြုလုပ်နေချိန်မှာ စစ်တပ်စစ်ကြောင်းဝင်လာတာမျိုး ကြုံတွေရတာမရှိဘဲ လေယာဥ်နဲ့တိုက်ခိုက်တာ ရှိနိုင်တဲ့အတွက် သတိပြုပြီး ဖျော်ဖြေရတယ်လို့ သိရပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း၊ တည်းဖြတ် - HP

#မြေလတ်အသံ

#စစ်ကိုင်း #ယင်းမာပင် #တော်လှန်အလှူ #သပိတ်အဖွဲ့ #တော်လှန်သီချင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10