တံတားဦးလေတပ်စခန်းကို ရှော့တိုက်ဒုံး ၁၅ လုံးနဲ့ပစ် လေယာဉ်ဂိုထောင်နဲ့ ဂျက်ဖိုက်တာ ၆ စီးထိမှန်ဟုဆို

တံတားဦးလေတပ်စခန်းကို ရှော့တိုက်ဒုံး ၁၅ လုံးနဲ့ပစ် လေယာဉ်ဂိုထောင်နဲ့ ဂျက်ဖိုက်တာ ၆ စီးထိမှန်ဟုဆို

မန္တလေးမြို့ အနောက်တောင်ဘက် ၂၃ မိုင်အကွာမှာရှိတဲ့ တံတားဦးလေတပ်စခန်းကို ကာကွယ်ရေးပူးပေါင်း တပ်ဖွဲ့က သွားရောက်ပစ်ခတ်ခဲ့ရာ ထိခိုက်ပျက်စီးတာတွေရှိတယ်လို့ Freedom Revolution Force အဖွဲ့က ထုတ်ပြန်ထားပါတယ်။

ဧပြီ ၁၇ ရက် မနက် ၂ နာရီလောက်မှာ ကာကွယ်ရေးတပ်ဖွဲ့တွေက အဆိုပါလေတပ်စခန်းကို ၁၀၇ မမ ၁၀ လုံး၊ ၉၀ မမ ၅ လုံးတို့နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့လို့ ဂျက်ဖိုက်တာလေယာဉ် ၆ စီး၊ လေယာဉ်ဂိုထောင်နဲ့ လေယာဉ်ပြေး လမ်းတို့ ထိမှန်ပျက်စီးသွားတယ်လို့လည်း ဆိုပါတယ်။

“ကျနော်တို့ အဲဒီလေတပ်ကို ပစ်ဖို့အချိန် ၁ လလောက်ယူခဲ့ရတာ။ ကျနော်တို့ပစ်ပြီး ပြန်ဆုတ်လာတဲ့အချိန်ရော၊ ပစ်နေတဲ့အချိန်ရော သူတို့ဘက်က လက်နက်ကြီးတွေနဲ့ ကောင်တာပြန်ပစ်တာမျိုးတွေရှိတယ်။ လေယာဉ် ဂိုထောင်ထဲမှာထားတဲ့ လေယာဥ်တွေ ပျက်စီးသွားတယ်လို့လည်း ကျနော်တို့ကြားသိရတယ်” လို့ Freedom Revolution Force အဖွဲ့တာဝန်ခံတဦးက ပြောပါတယ်။

ပစ်ခတ်မှုတွေ ပြုလုပ်ပြီးတဲ့နောက်မှာ တံတားဦးလေတပ်အနီးတဝိုက်မှာရှိတဲ့ စစ်ကောင်စီစစ်ခန်းက တပ်သား တွေနဲ့ ပျူစောထီးတွေရောက်ရှိလာပြီး ရှင်းလင်းရေးတွေလာရောက်လုပ်ဆောင်သွားတယ်လို့လည်း သိရပါ တယ်။

Freedom Revolution Force တပ်ဖွဲ့အနေနဲ့ အဆိုပါလေတပ်စခန်းကို သွားရောက်ပစ်ခတ်တာ ဒုတိယ အကြိမ်ရှိပြီဖြစ်တယ်လို့လည်း ဆိုပါတယ်။ 

တိုက်ခိုက်မှုကို Freedom Revolution Force (FRF) အထူးတာဝန်တပ်ဖွဲ့ ၁၊ Kyaukse Revolution Army (KRA)၊ စဉ့်ကိုင်မြို့နယ် ပကဖ တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြပါတယ်။

ဧပြီ ၁၁ ရက်ကလည်း FRF ပူးပေါင်းတပ်ဖွဲ့ဟာ ဒီပဲယင်းမြို့ပေါ်က စစ်ကောင်စီအထိုင်ချထားတဲ့ မီးသတ်ရုံး၊ ရဲစခန်းစတဲ့နေရာတွေကို လက်နက်ငယ်တွေ၊ ၄၀ မမ ဗုံးသီးတွေအပြင် ဒရုန်းဗုံးသီးတွေနဲ့ ပါသွားရောက် ပစ်ခတ်ခဲ့လို့ ထိခိုက်သေဆုံးသူတွေရှိတယ်လို့လည်း သိရပါတယ်။

ဇန်နဝါရီ ၂၃ ရက်ကလည်း တံတားဦးလေတပ်စခန်းကို Brave Warriors for Myanmar (BWM)က ရှော့တိုက်ဒုံး ၅ လုံးနဲ့ ပစ်ခတ်ခဲ့ပါသေးတယ်။ 

စာတည်း - လင်းဇေ

#မြေလတ်အသံ

#တံတားဦးလေတပ် #ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ #FreedomRevolutionForce #ရှော့တိုက်ဒုံး #ပစ်ခတ်တိုက်ခိုက်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10