ထိတွေမှုဖြစ်ပြီးနောက် စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်နေလို့ ရင်းကဲကျေးရွာကနေအိမ်တွေ မီးလောင်

ထိတွေမှုဖြစ်ပြီးနောက် စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်နေလို့ ရင်းကဲကျေးရွာကနေအိမ်တွေ မီးလောင်

ရိက္ခာပို့လာတဲ့ စစ်ကောင်စီယာဉ်တန်းကို ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက မကွေးတိုင်း၊ လောင်းရှည်မြို့နယ်၊ အင်ဘူးရွာနားအရောက်မှာ ဝင်ရောက်ပစ်ခတ်ခဲ့ရာ အပြန်အလှန်ထိတွေ့ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာကအခုလို လက်နက်ကြီးနဲ့ပစ်တာလို့ ယောအလင်းတန်း အဖွဲ့ဆီက သိရပါတယ်။

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးရွာဘက်ကိုသွားမယ့် စစ်ကောင်စီရိက္ခာပို့ယာဥ်တန်းနဲ့ ဇူလိုင်လ ၁၄ ရက် ဒီနေ့မနက် ၁၁ နာရီလောက်မှာ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့တာဖြစ်ပြီး အဲဒီနောက် စစ်ကောင်စီတပ်က မီးလောင်ဗုံးတွေနဲ့ ရင်းကဲကျေးရွာဘက်ကို ရမ်းသမ်းပစ်ခတ်ခဲ့ရာ ရင်းကဲရွာက နေအိမ်တွေ မီးလောင်သွားတယ်လို့ ဆိုပါ တယ်။

“သူတို့ကို တိုက်ခိုက်တဲ့အရှိန် ရပ်တန့်သွားအောင်၊ နှေးသွားအောင် ကျေးရွာကို သတ်သတ်မီး ရှို့တဲ့သဘောပါ။ အခု လက်ရှိအချိန်ထိ မီးလောင်နေတုန်းလို့ သိရတယ်၊ ဒေသခံကာကွယ်ရေးအဖွဲ့တွေ ဝိုင်းဝန်းငြိမ်းသတ်နေဆဲမို့ လက်ရှိချိန်ထိတော့ သတင်းအတိကျရဖို့ စုံစမ်းနေတုန်းပါ” လို့ ယော အလင်းတန်းမှ တာဝန်ရှိသူတဦးက ပြောပါတယ်။

အိမ်ခြေ ၃၁၅ အိမ်ရှိတဲ့ ရင်းကဲကျေးရွာဟာ အခုလိုမီးလောင်တာဟာ ပထမအကြိမ်ဖြစ် တယ်လို့လည်း ဆိုပါတယ်။ အခုလက်ရှိအချိန်ထိလည်း စစ်ကောင်စီတပ်ဖွဲ့ဟာ ကျင်ဒွေးရွာဘက်ကို သွားတဲ့လမ်းမပေါ်မှာပဲရှိနေပြီး ရှေ့ဆက်မတိုးနိုင်ကြသေးဘူးလို့လည်း သိရပါတယ်။ 

အခုလို စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်နေလို့ ရင်းကဲကျေးရွာ အပါအဝင် အင်ဘူးရွာ၊ လှော်ကားရွာနဲ့ စွဲလွှဲကျင်းကျေးရွာက ဒေသခံတွေဟာ ထွက်ပြေးတိမ်းရှောင်ကြရတယ်လို့ ဆိုပါတယ်။

ဇူလိုင် ၉ ရက်ကလည်း မကွေးတိုင်း၊ ကျောက်ထုအမြောက်တပ်ကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့လို့ ကျောက်ပျဉ်း၊ ယောမြို့၊ ပေါက်ခေါင်း၊ လေးရွာနဲ့ မင်းကြည့်ရွာတွေဘက်ကို ကျရောက်ပေါက်ကွဲခဲ့ပြီး အဲဒီရွာက အိမ်မွေးတိရစ္ဆာန်တွေနဲ့ နေအိမ် ၂ လုံးလည်း ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း

#မြေလတ်အသံ

#မကွေးတိုင်း #လောင်းရှည် #စစ်ကောင်စီ #ပစ်ခတ်မှု #မီးရှို့

 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10