ထိတွေ့ပစ်ခတ်မှုမရှိဘဲ ခင်ဦးနယ်၊ ဝါးရုံကုန်းရွာကို စစ်တပ်က မီးရှို့

ထိတွေ့ပစ်ခတ်မှုမရှိဘဲ ခင်ဦးနယ်၊ ဝါးရုံကုန်းရွာကို စစ်တပ်က မီးရှို့

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ဝါးရုံကုန်းရွာက နေအိမ်တွေကို စစ်ကောင်စီအဖွဲ့တွေက ထိတွေ့ပစ်ခတ်မှုမရှိဘဲ ဇူလိုင် ၁၂ ရက် ဒီနေ့လယ် ၁ နာရီလောက်မှာ ဝင်ရောက်မီးရှို့ခဲ့တယ်လို့ Local Lake Guerrilla Revoluion Force တပ်ဖွဲ့ဆီက သိရပါတယ်။

အင်အား ၁၀၀ နီးပါးပါတဲ့ စစ်သားနဲ့ ပျူစောထီးတပ်ဖွဲ့ဟာ ဝါးရုံကုန်းကျေးရွာထဲကို လက်နက်တွေ ပစ်ဖောက်ဝင်ရောက်လာပြီးနောက် နေအိမ်တွေကို မီးရှို့ခဲ့တာလို့ ဆိုပါတယ်။

“အဲ့ဒီစစ်ကြောင်းက ရွှေဘိုကနေလာတဲ့ စစ်ကြောင်းပါ။ အခုချိန်ထိတော့ မီးထဲ နေအိမ် ၁၀ လုံးလောက်ပါသွားတယ်လို့ ကြားတယ်။ ရွာသားအများစုကတော့ တောထဲမှာ နေနေတုန်းပဲ တချို့တဝက်ပဲ ရွာထဲကိုပြန်ဝင်သေးတယ်”လို့ Local Lake Guerrilla Revoluion Force တပ်ဖွဲ့မှ တာဝန်ရှိသူတဦးက ပြောပါတယ်။

ဝါးရုံကုန်းကျေးရွာကို မီးရှို့ပြီး နေ့လယ် ၄ နာရီလောက်မှ အဲ့ဒီစစ်ကြောင်းဟာ ရွှေဘိုမြို့ထဲကို ပြန်လည်ဝင်ရောက်သွားတယ်လို့ ဆိုပါတယ်။

အိမ်ခြေ ၃၀၀ ကျော်ရှိတဲ့ ဝါးရုံကုန်းကျေးရွာဟာ အခုလို မီးရှို့ခံရတာ ပထမအကြိမ် ဖြစ်တယ်လို့လည်း သိရပါတယ်။

ဇူလိုင် ၇ ရက်ကလည်း ခင်ဦး - မုံရွာ ရထားသံလမ်းဘေးရှိ ရွာသစ်ကုန်းကျေးရွာက ပျူစောထီးတပ်နဲ့ စစ်ကောင်စီတပ်ဖွဲ့တို့ဟာ မြကန်ကျေးရွာက နေအိမ် ၂ လုံးကို မီးရှို့ဖျက်ဆီးသွားသလို ရွာသားတွေရဲ့ စားစရာတွေနဲ့ အိမ်အသုံးဆောင်ပစ္စည်းတွေကိုလည်း ယူဆောင်သွားတယ်လို့ ဆိုပါတယ်။

စာတည်း - လင်း

#မြေလတ်အသံ

#စစ်ကိုင်း #ခင်ဦး #ဝါးရုံကုန်း #စစ်ကောင်စီ #မီးရှို့

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10