သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
မကွေးတိုင်း၊ ပေါက်မြို့နယ်၊ အုန်းတောရွာကို စစ်ကောင်စီတပ်ဖွဲ့တွေက ထိတွေ့ပစ်ခတ်မှုမရှိဘဲ မေလ ၂၂ ရက် မနေ့ကမနက် ၁၀ နာရီလောက်မှာ ဝင်ရောက်မီးရှို့ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အင်အား ၃၀ နီးပါးရှိတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ အုန်းတောရွာထဲကို လက်နက်တွေပစ်ဖောက် ဝင်ရောက်လာပြီးနောက် နေအိမ်တွေကိုမီးရှို့ခဲ့ကာ နေ့လယ် ၁ နာရီလောက်မှာတော့ အုန်းတောရွာနဲ့ တမိုင်ကျော်လောက်ဝေးတဲ့ ယာကြီးပြင်(ပျူရွာ)ကို ပြန်လည်ဝင်ရောက်သွားတယ်လို့ ပေါက်နယ်သားတဦးက ပြောပါတယ်။